ဝက်သားခြောက်ဆန်ပြုတ်

by Ko Thit Htoo for Food Magazine

          ချင်းလူမျိုးတွေ လုပ်ရောင်းတဲ့ ဝက်သားခြောက် ဝယ်လို့ရလိုက်တာကြောင့် ကိုယ့်စိတ်ကြိုက် ဆန်ပြုတ်လေးတီထွင်ပြီး ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ဝက်သားခြောက်  –  ပန်းကန်လုံး တစ်ဝက် (ပါးပါးလှီးပြီး)

ထမင်း –   ပန်းကန်လုံး တစ်ဝက်

ပြောင်းဖူး –  ပန်းကန်လုံး  တစ်ဝက်

ကြက်သွန်ဖြူ  –  ၃ မြွှာ

ပင်လယ်ဆား  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ဖြူးစားရန်

ငရုတ်ကောင်းအမည်း  –  အနည်းငယ်

ကြက်သွန်မြိတ်  –  ၂ ပင် (ပါးပါးလှီးပြီး)

နှမ်းဆီ –  ၂ စက်

နှမ်းလှော်  –  အနည်းငယ်

ကြက်သွန်ကြော်  –  ထမင်းစားဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။ ထမင်း၊ ပြောင်းဖူး၊ ကြက်သွန်ဖြူတို့ကို ဆားနှင့်နယ်ပြီး ထောင်းထားပါ။

၂။ ဝက်သားခြောက်များကို ရေနွေးဆူဆူ ပန်းကန်လုံး ၂ လုံးစာတည်ပြီး ပြုတ်ထားပါ။

၃။       ဝက်သားခြောက်များနူးလာလျှင် ထောင်း စားသောအဆာများ ထည့်ပါ။ ရေလိုလျှင် ရေနွေးဆူဆူထပ်ဖြည့်ပေးပါ။

၎။       အဆာများအားလုံးနူးလျှင် ပန်းကန်မှာ ပြင်ဆင်ပြီး ဖြူးစားရန်ကျန်ပါဝင်ပစ္စည်းများ ထည့်၍ သုံးဆောင်နိုင်ပါပြီ။

Facebook Comments