ဝက်သားလုံးပေါင်း

by အံ့ဝင့်ထွဋ် for Food Magazine

          ဝက်သားကို ချက်တာ၊ ပြုတ်တာ၊ သုပ်တာကြီးပဲ စားနေရလို့ ငြီးငွေ့နေပြီဆိုရင်တော့ ဒီဝက်သားလုံးပေါင်းကို လုပ်စားကြည့်လိုက်ပါ။ အချိန်တိုတိုနဲ့ လွယ်လွယ်ကူကူ လုပ်စားလို့ရမယ့် ဟင်းပွဲလေးပါပဲ။ အရသာကတော့ ကွက်တိပေါ့ဗျာ။

ပါဝင်ပစ္စည်းများ

ဝက်အူချောင်း (အတို)  –  ၁၀ ချောင်းခန့်

ဝက်သား  –  ၁၅၀ ဂရမ် (ကြိတ်ပြီး)

ကြက်သွန်နီ  –  ၁ လုံး

ကြက်သားမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

နှမ်းဆီမွှေး  –  အနည်းငယ်

ကော်မှုန့်  –  စားပွဲဇွန်း ၁/၂ ဇွန်း

ပဲငံပြာရည်အကြည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       ဝက်သားကြိတ်သားများကို နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်နီ၊ ကော်မှုန့်နှင့် အရသာများကို ထည့်ပြီး နယ်ပါ။

၂။       ပြီးလျှင် အနေတော် အသားလုံးများ လုံးပါ။

၃။       ဝက်အူချောင်းရဲ့ ထိပ်တစ်ဖက်ကို ၄ စိတ်ခွဲပါ။ ပြီးလျှင် အသားလုံးအလယ်မှာ စိုက်ပါ။

၎။       ပေါင်းအိုးထဲမှာ ၅ မိနစ်ခန့် ပေါင်းပါ။

၅။       အနံ့၊ အရသာပြည့်စုံပြီဆိုလျှင် ကြိုက်နှစ်သက်ရာ Sauce နှင့် တွဲပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments