ဝက်သားလုံးချိုချဉ်

by Meemeetofu for Food Magazine

          ပရိုတိန်းနဲ့ အသီးအရွက်လည်းပါပြီး တစ်ပွဲတည်းနဲ့ ထမင်းမြိန်စေမယ့် ဟင်းပွဲလေးတွေ ရွေးချယ်ချက်ချင်သူတို့အတွက် ဝက်သားလုံးချိုချဉ်ချက်နည်းလေးပါရှင်။

ဝက်သားလုံးကြော်

ဝက်သားကြိတ်သား  –  ၃၂၀ ဂရမ် ( ၂၀ ကျပ်သားခန့်)

ကြက်ဥအကာ  –  ၁ လုံး

ကြက်သွန်ဖြူ  –  ၄ မြွှာ

ငရုတ်ကောင်းမှုန့် –  အနည်းငယ်

ပြောင်းကော်မှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ခရုဆီ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပဲငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း

ဆား  –  အနည်းငယ်

သကြား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေခဲရေ  –  စားပွဲဇွန်း ၂ ဇွန်း

ဘိတ်ကင်ပေါင်ဒါ  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြော်ရန်ဆီ

တွဲဖက်ကြော်ရန်

ငရုတ်ပွအနီ  –  ၁ ခြမ်း (လေးထောင့်အတုံးလေးများ လှီးထားပါ)

ငရုတ်ပွအစိမ်း  –  ၁ ခြမ်း (လေးထောင့် အတုံးလေးများ လှီးထားပါ)

ကြာစွယ်  –  ၂၄၀ ဂရမ် (၁၅ ကျပ်သားခန့်) (အဝိုင်းလှီးပြီး ၄ စိတ် ပြန်စိတ်ပါ)

ဘရိုကိုလီ  –  ၈၀ ဂရမ် (၅ ကျပ်သားခန့်) (အရွယ်တူညီညီ လှီးထားပါ)

ငုံးဥပြုတ်  –  ၁၀ လုံး

ဆော့စ်ပြုလုပ်နည်း

ခရမ်းချဉ်သီးဆော့စ်  –  စားပွဲဇွန်း  ၁ ဇွန်း ( ခရမ်းချဉ်သီးအနှစ်ဆော့စ်)

ခရုဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ပဲငံပြာရည် အပျစ်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သကြား  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆား  –  သင့်ရုံ

ပဲငံပြာရည်အကျဲ  –  စားပွဲဇွန်း ၂ ဇွန်း

ငရုတ်ဆီ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြောင်းကော်မှုန့်  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ရေ  –  ဆန်ခြင်ခွက် ၁ ခွက် (၁၆၀ မီလီလီတာ)

ချင်းပါးပါး  –  ၁ ပြား

ကြက်သွန်ဖြူ  –  ၄ မြွှာ (ဓားပြားရိုက်ပြီး နုပ်နုပ်စဉ်းထားပါ)

ကြက်သွန်မြိတ်  –  ၁ ပင် (၁ လက်မအရွယ်လေးများ ဖြတ်ထားပါ)

ပြုလုပ်နည်း

၁။       ဝက်သားလုံးကြော်ရန်အတွက် ဝက်သားကြိတ်သားမှ သကြားအထိ ပါဝင်ပစ္စည်းများကို ဇလုံတစ်လုံးမှာ နယ် ပါ။ ရေခဲရေနဲ့ ဘိတ်ကင်ပေါင်ဒါကို ရောမွှေပြီး အသားနဲ့ ရောနယ်ပါ။ စေးပိုင်လာတဲ့အခါ  ရေခဲသေတ္တာ အခဲထပ်မှာ ၁ နာရီခန့် ထည့်ထားပါ။

၂။       အသားနှပ်ထားစဉ်မှာ အသီးအရွက်များကို အဆင်သင့် လှီးထားပါ။

၃။       ရေခဲသေတ္တာထဲက အသားကိုထုတ်ပြီး အလုံးလေးများ လုံးကာ ဆီပူမှာ ကျက်သည်အထိ ကြော်ပါ။ ပြီးလျှင် ခပ်ပြီး ဆယ်ထားပါ။

၎။       ဆီပူထဲ အသီးအရွက်များကို ၄၅ စက္ကန့်ခန့် ထည့်ကြော်ပြီး ဆယ်ထားပါ။

၅။       ဆော့စ်ချက်ရန်အတွက် ခရမ်းချဉ်သီးဆော့စ်မှ ရေအထိ ပါဝင်ပစ္စည်းများ ရောစပ်ထားပါ။

၆။       အိုးမှ ဆီကိုအနည်းငယ်သာ ချန်ပြီး ခပ်ထုတ်ပါ။ ကျန်တဲ့ ဆီမှာ ချင်း၊ ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်ကို ၁၀ စက္ကန့် မွှေကြော်ပါ။ အသင့်စပ်ထားသော ဆော့စ် အရည်ကို မွှေပြီးမှ အိုးထဲလောင်းထည့်မွှေပါ။ အရောင်ကြည်ပြီး ပျစ်လာလျှင် အသင့်ကြော်ထားတဲ့ ဝက်သားလုံးနှင့် အသီးအရွက်တို့ကို ရောမွှေပြီး ပန်းကန်ထဲထည့်ကာ ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ။

Facebook Comments