ဝက်သားစဉ်းကောနှင့် ဗိုလ်စားပဲ ခရုဆီဟင်းလျာ

by အံ့ဝင့်ထွဋ် for Food Magazine

          အဲဒီဟင်းလျာလေးက ပါဝင်ပစ္စည်းနည်းနည်းနဲ့ အရသာလည်းရှိပြီး အချိန်ကုန်လည်း သက်သာတဲ့ ဟင်းလျာလေးပါ။ မနက်အလုပ်သွားခါနီးမှာ ထမင်းချိုင့်ပြင်ဆင်တဲ့အခါ အဆင်ပြေစေမယ့် ဟင်းလျာလေးပါ။

ပါဝင်ပစ္စည်းများ

ဝက်သားစဉ်းကောသား  –  ၂၀ဝ ဂရမ်

ဗိုလ်စားပဲတောင့်  –  အချောင်း ၂၀ ခန့်

ကြက်သွန်ဖြူ  –  ၄ မြွှာ

ခရုဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ပဲငံပြာရည်အနောက်  –  အနည်းငယ်

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ဆီ  –  စားပွဲဇွန်း ၁ ဇွန်း

တရုတ်နံနံပင်  –  အနည်းငယ်

ငရုတ်သီးကြော်  –  ၅ တောင့်ခန့်

ပြုလုပ်နည်း

၁။       ဗိုလ်စားပဲတောင့်များကို ရေနှင့် သေချာဆေးပြီး အနေတော်အချောင်းရှည်များ လှီးဖြတ်ထားပါ။

၂။       ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းပြီး ဆီသတ်ပါ။

၃။       အနံ့မွှေးလာပြီဆိုလျှင် ဝက်သားစဉ်းကောသားများ ထည့်ပါ။

၎။       ဝက်သားစဉ်းကောသားများ ကျက်ပြီး အနံ့မွှေးလာပြီဆိုလျှင် အရသာများ ထည့်ပါ။

၅။       ရေကို လိုအပ်သလို ထည့်ပါ။

၆။       လှီးဖြတ်ထားတဲ့ ဗိုလ်စားပဲများ ထည့်ပါ။

၇။       အနံ့ အရသာ ပြည့်စုံပြီဆိုလျှင် ငရုတ်သီးကြော်ထည့်ပါ။

၈။       ကော်ရည်ထည့်ပါ။

၉။       အားလုံးပြည့်စုံသွားပြီဆိုလျှင် တရုတ်နံနံထည့်၍ ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments