ဝက်သားကင်

by Meemeetofu for Food Magazine

          ရာသီဥတုပူချိန်ဆို အသားကင်ကို ပါပါးလှီး၊ ထမင်းပေါ်ပုံ၊ ပဲငါးပိကော်ရည်လေးဆမ်းပြီး ထမင်းဖြူလေးနဲ့ စားမြိန်တာကြောင့် မမီး ဝက်သားကင်နည်းလေးကို ရေးပေးလိုက်ပါတယ်။ မမီးသုံးထားတဲ့ ပစ္စည်းတွေက မြို့ ကြီးတွေမှာ အလွယ်ဝယ်လို့ ရနိုင်ပေမယ့် နယ်မြို့တွေမှာ တော့ ရချင်မှရမယ်။ ဝယ်မရလို့ မထည့်ရင် အနံ့လေးအနည်းငယ်ပြောင်းသွားနိုင်တာက လွဲလို့ အရသာမှာ သိပ်ပြီး ထူးခြားမှု မဖြစ်နိုင်ပါဘူး။

ပါဝင်ပစ္စည်းများ

ဝက်သား  –  ၆၀ဝ ဂရမ် (၄၀ ကျပ်သားခန့်)

သကြား  –  ၁၀ဝ ဂရမ် (၁၂ ကျပ်သားခန့်)

ပဲငံပြာရည်အကျဲ  –  စားပွဲဇွန်း ၁ ၁/၂ ဇွန်း

ခရုဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ရှောင်ရှင်းဝိုင်  –  စားပွဲဇွန်း ၁ ဇွန်း

(တရုတ်ဟင်းချက်ဝိုင်)

သကာရည်  –  စားပွဲဇွန်း ၂ ဇွန်း

Hoisin Sauce  –  စားပွဲဇွန်း ၁ ဇွန်း

ဆား  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဝက်သား မိုးခိုသားကို အလုံးတုတ်တုတ်နဲ့ အမြှောင်းလိုက် လှီးထားပါ။

၂။       ခွက်တစ်ခွက်မှာ ပါဝင်ပစ္စည်းအားလုံး ရောဖျော်ပါ။ သကြားပျော်ပြီး သမသည်အထိ မွှေပေးပါ။

၃။       ဖျော်စပ်ထားတဲ့ အရသာအရည်ကို အသားမြှောင်းများထဲ စိမ့်ဝင်အောင် နယ်ပေးပါ။

၎။       ဘူးတစ်ဘူးထဲ အသားများကို စီထည့်ပါ။ အပေါ်မှာ အရသာအရည်လောင်းထည့်ပါ။

၅။       ရေခဲသေတ္တာ မခဲတဲ့အထပ်မှာ တစ်ညနှပ်ထားပါ။ မကြာခဏ အသားကို ဟိုဘက်၊ ဒီဘက် လှန်ပေးပါ။

၆။       ကင်တဲ့အခါ အသားအေးအေးကို သံဆန်ခါပြားပေါ်တင်ပြီး ချက်ချင်းကင်ပါ။ တစ်ဖက်ကို 230˚C  နဲ့ ၁၅ မိနစ်စီ ဖန်အာဗင်အိုးမှာ ကင်ပါ။ နောက်တစ်ဖက်လှန်တဲ့အခါ အရသာအရည်ကို သုတ်ပေးပါ။ (မိမိအသုံးပြုတဲ့ မီးဖိုအမျိုးအစားအပေါ် မူတည်ပြီး မီးအပူနဲ့ ကင်ချိန်ကို လိုအပ်သလို ညှိပါ)

၇။       အရေးကြီးတဲ့အချက်ကတော့ အပြင် အကာက ကာရာမယ်လိုက်ဇ် ဖြစ်ပြီး မွှေြးွကပ် နေရပါမယ်။ အတွင်းအသားက နူးညံ့ပျော့ပျောင်းရပါမယ်။ အသားကျက်မကျက်ကို အသားတိုင်း သာမိုမီတာနဲ့ တိုင်းလို့ 63˚C  ရှိလျှင် ကျက်ပါပြီ။

၈။       *** Hoisin Sauce ဝယ်မရသူများက တရုတ်ပဲငါးပိ  လက်ဖက်ရည်ဇွန်း ၁/၂  ဇွန်းကို ညက်အောင်ထောင်ပြီး တရုတ်မဆလာ အနည်းငယ်ရောသုံးနိုင်ပါတယ်။

Facebook Comments