ဝက်နံရိုးဟင်းချို

 by အံ့ဝင့်ထွဋ် for Food Magazine

ပါဝင်ပစ္စည်းများ

ဝက်နံရိုး  –  ၂၅၀ ဂရမ်

ပြောင်းဖူး  –  ၁ ဖူး

မုန်ညင်းစိမ်း  –  ၂ ပင်

တရုတ်နံနံပင်  –  အနည်းငယ်

ကြက်သွန်ဖြူ  –  ၄ မြွှာ

ချင်း  –  အနည်းငယ်

ကြက်သွန်မြိတ်  –  အနည်းငယ်

ကြက်သားမှုန့်  –  အနည်းငယ်

ပဲငံပြာရည် အကြည်  –  အနည်းငယ်

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ရေ

ပြုလုပ်နည်း

၁။       ဝက်နံရိုးကို အနေတော်အတုံးများတုံးပြီး သေချာစွာ ဆေးကြောသန့်စင်ပါ။

၂။       ဒယ်အိုးထဲ ရေ၊ အရသာများ၊ ပဲငံပြာရည်၊ ဝက်နံရိုး၊ ကြက်သွန်မြိတ်ရိုး၊ ဓားပြား ရိုက်ထားတဲ့ ကြက်သွန်ဖြူ၊ ပါးပါးလှီးထားတဲ့ ချင်း၊ အနေတော် အကွင်းလှီးဖြတ်ထားတဲ့ ပြောင်းဖူးတို့ကို ထည့်ပြီး ဝက်နံရိုးနူးလာသည်အထိ ပြုတ်ပါ။

၃။       ဝက်နံရိုးလည်းနူးပြီ၊ ပြောင်းဖူးလည်းနူးပြီ၊ ဟင်းရည်ရဲ့ အရသာလည်း အနေတော်ဖြစ်ပြီဆိုလျှင် အနေတော်လှီးဖြတ်ထားတဲ့ မုန်ညင်းစိမ်းရွက်များ ထည့်ပါ။

၎။       အနံ့ အရသာပြည့်စုံပြီဆိုလျှင် တရုတ်နံနံ၊ ကြက်သွန်မြိတ် ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments