ဝက်နံရိုးကင်

by My Foodies for Food Magazine

          ဝက်နံရိုးကို မြန်မာနည်းနဲ့ အရသာနယ်နှပ်ပြီး ကင်ပေးတဲ့ အကင်ပုံစံပါ။ မြန်မာ အစားအစာတစ်မျိုးအဖြစ် တီထွင်ပေးထားတဲ့ အဲဒီချက်နည်းမှာ ဝက်နံ ရိုးမှာရှိတဲ့ အသားတွေကို နူးနူးညံ့ညံ့လေးဖြစ်သွားစေမယ့် နည်းလေးပါ ထည့်ပေးထားပါတယ်။

ပါဝင်ပစ္စည်းများ

ဝက်နံရိုး  –  ၅၀ ကျပ်သား

Rum အရက်  –  ထမင်းစားဇွန်း ၃ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

သကြားညို  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

          အားလုံးသမအောင်ရောနယ်ပြီး ၂ နာရီခန့် နှပ်ပေးထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဝက်နံရိုးနယ်ပြီးသားများကို ထမင်းပေါင်းအိုးမှာ ရေမြုပ်ရုံထည့်ပြီး နာရီဝက်ခန့် ပြုတ်ပေးပါ။

၂။       ပြုတ်ပြီး နံရိုးများကို အကင်ဆော့စ်သုတ်ပြီး မီးသွေးမီး (သို့) Oven မှာ အသားအရောင် ပြောင်းရုံကင်ကာ နှစ်သက်ရာ သီးနှံများနှင့် တွဲဖက်သုံးဆောင်နိုင် ပါပြီ။

          သင်္ကြန်တွင်း ထွက်လည်ရင်း နေ့လယ်နားနေချိန်မှာ ကိုယ်တိုင်လုပ်ကိုင် စားသောက်ချင်သူများအနေနဲ့ အဆင်သင့်ကင်ပြီးသား ဝက်နံရိုးများ ထည့်သယ်သွားရုံပါပဲ။

www.facebook.com/MY FOODIES (mm)

Facebook Comments