ြွကက်နားရွက်မှိုဟင်းလျာ

by အံ့ဝင့်ထွဋ်  (MRTV – 4) for Food Magazine

ဒီဟင်းလျာလေးက လွယ်ကူရိုးရှင်းပြီး အာဟာရလည်းရှိတဲ့ ဟင်းလျာလေးပါ။ ကုန်ကျစရိတ်လည်း သက်သာတဲ့ ဟင်းလျာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ြွကက်နားရွက်မှို –  ၁၀ဝ ဂရမ် (ရေစိမ်ပြီး)

ခရမ်းချဉ်သီး –  ၂ လုံး

ကြက်သွန်နီ –  ၁ လုံး

ကြက်သွန်ဖြူ –  ၇ မြွှာ

ငရုတ်အနှစ် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နနွင်းမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

ဆီ –  စားပွဲဇွန်း ၃ ဇွန်း

နံနံပင် –  အနည်းငယ်

ဆား –  အနည်းငယ်

ငရုတ်ကောင်းမှုန့် –  အနည်းငယ်

သက်သတ်လွတ်ဟင်းခတ်မှုန့် –   အနည်းငယ်

ပြုလုပ်နည်း

၁။       ကြက်သွန်ဖြူ/နီကို ကြိတ်ပြီး နနွင်းမှုန့်ဖြင့် ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ငရုတ်အနှစ်ကို ထည့်ပြီး ဆီ သတ်ပါ။

၂။       အရောင်ပြောင်းပြီး အနံ့မွှေးလာပြီဆိုလျှင် ပါးပါးလှီး ထားတဲ့ ခရမ်းချဉ်သီးထည့်၍ ဆီသတ်ပါ။

၃။       လိုအပ်တဲ့ အရသာများနှင့် ရေအနည်းငယ်ထည့်ပါ။ ရေစိမ်ထားတဲ့ ကြက်နားရွက်မှိုများ ထည့်ပါ။

၎။       ၁၀ မိနစ်ခန့် နှပ်ပြီးပြီဆိုလျှင် နုပ်နုပ်စဉ်းထားတဲ့ နံနံပင် ထည့်ပါ။

၅။       အရောင်အဆင်း၊ အနံ့အရသာ ပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါတယ်။

Facebook Comments