မြန်မာအမဲသားကင်နှင့် အာရှ Rosemary Sauce

by Ko Thit Htoo for Food Magazine

          မြန်မာပြည်ရဲ့ အမဲသားကို ဥရောပအရသာသွင်းပြီး ကင်ပေးထားပါတယ်။ Rosemary Sauce ကိုတော့ အာရှနည်းနဲ့ ပုံစံသွင်းထားပြီး အာလူးအကြေပန်းပွင့်စိမ်းတို့နဲ့ ရောနှောတည်ခင်းနိုင်ဖို့ စီစဉ်ပေးထားပါတယ်။

ပါဝင်ပစ္စည်းများ

အမဲပေါင်သား  –  ၂၅၀ ဂရမ်

ပင်လယ်ဆား  –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

ငရုတ်ကောင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

သံလွင်ဆီ  –  ထမင်းစားဇွန်း ၁ ဇွန်း

Rosemary  –  ၁ ခက်

ထောပတ်  –  ထမင်းစားဇွန်း ၂ ဇွန်း

          အမဲသားမျက်နှာပြင် ၂ ဖက်စလုံးကို ဆား၊ ငရုတ်ကောင်းတို့နှင့် ပွတ်၍ အရသာသွင်းပေးပါ။ သံလွင်ဆီနှင့် နယ်ပြီး လုံအောင်ထုပ်၍ အအေးခန်းမှာ တစ်ညသိပ်နှပ်ထားပါ။

အာလူး  –  ၃ လုံး (ပြုတ်ပြီး)

ခရင်မ်  –  ထမင်းစားဇွန်း ၂ ဇွန်း

ထောပတ်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  အနည်းငယ်

ငရုတ်ကောင်း  –  အနည်းငယ်

          အာလူးပြုတ်ကို အခွံနွှာပြီး ခြေတံနှင့် ကြေအောင်ခြေပါ။ ကျန်ပါဝင်ပစ္စည်းများနှင့် ရောပြီး သမအောင် မွှေထားပါ။

ပန်းပွင့်စိမ်း  –  ၁၅၀ ဂရမ်

ဆား  –  အနည်းငယ်

          ပန်းပွင့်စိမ်းကို အနေတော် အပိုင်းလေးများ လှီးဖြတ်၍ ရေနွေးဆူဆူမှာ ဆား အနည်းငယ်ခတ်ပြီး ၃ မိနစ်ခန့် ပြုတ်ထားပါ။ ရေအေးစိမ်ပြီး ဆားအနည်းငယ်နဲ့ နယ်ထားပါ။

Asia Style Rosemary Sauce  ပြုလုပ်ပုံ

Rosemary  –  ၂ ခက်

သကြားညို  –  ထမင်းစားဇွန်း     ၁ ဇွန်း

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ကြက်သွန်ဖြူ  –  ၂ မြွှာ (စဉ်းပြီး)

ဆား  –  အနည်းငယ်

Kikoman ပဲငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကော်မှုန့်  –  အနည်းငယ်

ထောပတ်  –  ထမင်းစားဇွန်း ၁ ဇွန်း

ပြုလုပ်နည်း       

၁။       အသားကင်ထားသော ဒယ်အိုးထဲ ရေနွေး ၂၀ဝ မီလီလီတာ ထည့်ပြီး ဆူအောင် တည်ပါ။ မီးလျှော့ပေးပြီျးွသျနာမေပယ ကော်မှုန့်နှင့် ထောပတ်မှလွဲ၍ ကျန်ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး ၃ မိနစ်ခန့် မွှေပေးပါ။

၂။       ကြက်သွန်များပျော့လာလျှင် Rosemary ထည့်ပါ။ ကော်မှုန့်ကို ရေ စားပွဲဇွန်း ၂ ဇွန်းနဲ့ ဖျော်ပြီး ထည့်ပါ။ ဆော့စ် ပျစ်လာလျှင် မီးပိတ်ပြီး ထောပတ်ထည့်၍ မွှေပေးပြီး ပန်းကန်ပြင်ဆင်ချိန်အထိ နွေးနွေးလေး ဖြစ်နေအောင် ထားပါ။

အမဲသားကင်ပြုလုပ်နည်း

၁။       ဦးစွာ အကင်မီးဖိုကို ၂၀ဝ ဒီဂရီစင်တီဂရိတ်မှာ အပူပေးထားပါ။

၂။       မကပ်သော ဒယ်အိုးတစ်လုံးကို အပူပေးပြီး အရသာနှပ်ထားသောအသားကို အပြင်ကြောတင်းအောင် တစ်ဖက် ၃ မိနစ်ခန့် ကင်ပေးပါ။ ထောပတ် ထမင်းစားဇွန်း ၂ ဇွန်းထည့်ပေးပြီး အရည်များနှင့် လူးပေးပါ။ ဒယ်အိုးကို မဆေးဘဲ ကျန်သောအနှစ်များနှင့် ဆော့စ်ချက်ရန် ထားပါ။

၃။       အကင်မီးဖိုမှာ ထည့်ပေးပြီး ၁၅ မိနစ်ခန့် ကင်ပါ။ (အသားကင်နေချိန်မှာ ပန်းပွင့်စိမ်းနှင့် Rosemary Sauce ကို ပြင်ဆင်နိုင်ပါတယ်။) အချိန်ပြည့်လျှင် အသားတုံးကို မီးဖိုမှထုတ်၍ သစ်သားစဉ်းတီတုံးပေါ်မှာ ၇ မိနစ်ခန့် တင်ပေးပြီး အအေးခံထားပါ။ အရည်များထွက်လာလျှင် ဖယ်ပစ်ပါ။

၎။       အသားများကို အနေတော်အထူလှီးပြီး ပန်းကန်မှာ အာလူးအကြေ၊ ပန်းပွင့်စိမ်းတို့နှင့် ပြင်ဆင်ပါ။

၅။       ပန်းကန်မှာ ပြင်ဆင်ပြီး အသားကင်ပေါ် Rosemary Sauce လောင်းပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments