ပြည်ကြီးငါး ခရမ်းချဉ်သီးအနှစ် ချဉ်စပ်ဟင်း

by အံ့ဝင့်ထွဋ် (MRTV-4) for Food Magazine

ပါဝင်ပစ္စည်းများ

ပြည်ကြီးငါး  –  ၂၅၀ ဂရမ်

ခရမ်းချဉ်သီး  –  ၂ လုံး

ကြက်သွန်နီ  –  ၁ လုံး

ကြက်သွန်ဖြူ  –  ၄ မြွှာ

ငရုတ်သီး (စိမ်း/နီ)  –  ၄ တောင့်ခန့်

နံနံပင်  –  အနည်းငယ်

နှမ်း  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြက်သားမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သကြား  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

၁။       ကြက်သွန် ဖြူ/နီကို ကြိတ်ပြီး ဆီသတ်ပေးပါ။ ခရမ်းချဉ်သီးကို နုပ်နုပ်စဉ်းပြီး ထည့်ပါ။

၂။       ခရမ်းချဉ်သီးကြေပြီး အနှစ်ဖြစ်လာသည်အထိ ချက်ပေးပါ။ ငရုတ်သီးကို ပါးပါးလှီးပြီး ထည့်ပါ။

၃။       အရသာများထည့်ပါ။ ပြည်ကြီးငါးထည့်ပါ။ ရေကို လိုအပ်သလို ထည့်ပေးပါ။

၎။       အရသာလည်းရလာပြီး အနှစ်လည်းရလာပြီဆိုလျှင် နံနံပင် (နုပ်နုပ်စဉ်း) နှင့် နှမ်း ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

* အစပ်အရသာနှင့် အရောင်လိုချင်တယ်ဆိုရင်တော့ ငရုတ်နှစ်ကိုထည့်ပြီး ဆီသတ် ပေးလို့ရပါတယ်။ *

Facebook Comments