ပြည်ကြီးငါးနှင့် ပုံလုံသီးငါးပိချက်

by အံ့ဝင့်ထွဋ် (MRTV-4) for Food Magazine

ပါဝင်ပစ္စည်းများ

ပြည်ကြီးငါး  –  ၂၅၀ ဂရမ် (သန့်စင်ပြီး)

ပုံလုံသီး  –  ၂၀ဝ ဂရမ်

ကြက်သွန်ဖြူ  –  ၅ မြွှာ

ကြက်သွန်နီ  –  ၁ လုံး

ငရုတ်သီးစိမ်း  –  ၅ တောင့်ခန့်

စိမ်းစားငါးပိ  –  စားပွဲဇွန်း ၁/၂ ဇွန်း

နနွင်းမှုန့်  –  အနည်းငယ်

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သကြား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သားမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

နံနံပင်  –  အနည်းငယ်

ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

၁။  ပြည်ကြီးငါးကို နနွင်းမှုန့်အနည်းငယ်ဖြင့် နယ်ထားပါ။

၂။  ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ထောင်းပြီး နနွင်းမှုန့်အနည်းငယ်ဖြင့် ဆီသတ်ပါ။ အနံ့မွှေး လာပြီဆိုလျှင် စိမ်းစားငါးပိကို ထည့်ပြီး မွှေပါ။

၃။  အနံ့မွှေးလာပြီဆိုလျှင် ပြည်ကြီးငါးထည့်ပါ။ ငရုတ်သီးစိမ်းထည့်ပါ။ ရေ အနည်းငယ်ထည့်ပါ။

၎။  ရေဆူလာပြီဆိုလျှင် ပုံလုံသီးကို အနေတော်လှီးပြီး ထည့်ပါ။ အရသာများ ထည့်ပါ။

၅။  ပြည်ကြီးငါးလည်း နူးပြီ၊ ပုံလုံသီးလည်း နူးပြီး အရသာမှာ အနေတော်ဖြစ်ပြီ၊ ရေကျန်ဆီပြန် အနေအထားရပြီဆိုလျှင် နံနံပင်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments