ပြည်ကြီးငါးချဉ်စပ်ဟင်း

by အံ့ဝင့်ထွဋ် (MRTV-4) for Food Magazine

ပါဝင်ပစ္စည်းများ

ပြည်ကြီးငါး  –  ၃၀ဝ ဂရမ်

ကြက်သွန်ဖြူ  –  ၄ မြွှာ

ကြက်သွန်နီ  –  ၁ လုံး

ငရုတ်သီးစိမ်း  –  ၅ တောင့်ခန့်

စပါးလင်  –  ၁ ချောင်း

နနွင်းမှုန့်  –  အနည်းငယ်

ခရမ်းချဉ်သီး  –  ၁ လုံး

နံနံပင်  –  အနည်းငယ်

ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သားမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

၁။  ပြည်ကြီးငါးကို နနွင်းမှုန့်အနည်းငယ်၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း တို့ဖြင့် နယ်ပြီး နှပ်ထားပေးပါ။

၂။  ကြက်သွန်ဖြူ/နီကို ထောင်းပြီး နနွင်းမှုန့်အနည်းငယ်ဖြင့် ဆီသတ်ပေးပါ။ အနံ့မွှေး လာပြီဆိုလျှင် ခရမ်းချဉ်သီးကို အတုံးသေးများတုံးပြီး ဆီသတ်ပေးပါ။ စပါးလင်ကို ထောင်းပြီးထည့်ပါ။

၃။  ငရုတ်သီးစိမ်းကို ထက်ခြမ်းခြမ်းပြီး ထည့်ပါ။

၎။  အနံ့မွှေးလာပြီဆိုလျှင် ပြည်ကြီးငါးထည့်ပါ။ အရသာများထည့်ပြီး ရေအနည်းငယ် ထည့်ပေးပါ။

၅။  ပြည်ကြီးငါးလည်းနူးပြီး အရသာလည်း ရပြီဆိုလျှင် နံနံပင် (နုပ်နုပ်စဉ်း) ထည့်ကာ သုံးဆောင်နိုင်ပါပြီ။

Facebook Comments