ကြေးနီမြစ်သုပ်

by Myint Oo Tha for Food Magazine

          ကြေးနီမြစ်ကို ဒေသအလိုက် အခေါ်အဝေါ် ကွဲပြားတာကို တွေ့ရပါတယ်။ ငါးညှီမြစ်လို့ ခေါ်သလို သံချေးမြစ်လို့လည်း ခေါ်ကြပါတယ်။ မိုးကုတ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ သုပ်ပြီးစားကြသလို ထောင်းပြီးလည်း စားကြပါတယ်။ ကြေးနီမြစ်သုပ်နည်းကတော့-

ပါဝင်ပစ္စည်းများ

ကြေးနီမြစ်  –  ၂ စည်း ( ၇၀ ဂရမ်)

ခရမ်းချဉ်သီး  –  ၃ လုံး (၁၈၀  ဂရမ်) (ပါးပါးလှီးထားပါ)

ပဲပုပ်အစို  –  စားပွဲဇွန်း ၃ ဇွန်း

ငရုတ်သီးစိမ်း  –  ၅ တောင့် (ပါးပါးလှီးထားပါ)

သံပရာသီး  –  ၃ လုံး

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြက်သွန်နီ  –  ၁၀ဝ ဂရမ် (ပါးပါးလှီးထားပါ)

ကြက်သွန်ဖြူ  –  ၂၅ ဂရမ် (ပါးပါးလှီးထားပါ)

နံနံပင်  –  ၅ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ကြေးနီမြစ်ကို သန့်ရှင်းအောင်ဆေးပြီး သေးသေးဖြတ်ထားပါ။

၂။       ပြီးလျှင် အသုပ်သုပ်မယ့် ဇလုံထဲ ကြေးနီမြစ်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန် ဖြူ၊ ပဲပုပ်အစို၊ နံနံပင်၊ ဆားတို့ကိုထည့်၍ သံပရာရည်ညှစ်ပြီး ဖွဖွလေးနယ်ပေးပါ။

Facebook Comments