မြေပဲ ပဲနို့ (Peanut Milk)

by Sofia for Food Magazine

          အာဟာရပြည်ဝတဲ့ပဲနို့ကို အလွယ်တကူဝယ်မရတဲ့နေရာတွေမှာ သန့်ရှင်းလတ်ဆတ်တဲ့ ပဲနို့ကို အိမ်မှာကျိုပြီး ကလေး၊ လူကြီး အရွယ်မရွေး သုံးဆောင်နိုင်ဖို့ လွယ်ကူတဲ့ ပဲနို့ကို ပဲပိစပ်နဲ့ ကျိုတာများသလို မြေပဲနဲ့ကျိုတဲ့ ပဲနို့လည်းရှိပါတယ်။ အခုကျိုထားတဲ့ ပဲနို့ကတော့ မြေပဲကို အသုံးပြုထားပါတယ်။ မြေပဲ ပဲနို့က ပိုပြီး ပျစ်ခဲတဲ့အတွက် မနှစ်သက်ပါက ရေပိုထည့်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

မြေပဲစိမ်း  –  ၃၀ဝ ဂရမ်

ရေ  –  ၂ လီတာမှ ၂ လီတာခွဲ

သကြား  –  လိုသလောက်

ပြုလုပ်နည်း

၁။       မြေပဲကို ရေဆေးသန့်စင်ပြီး ၄ နာရီခန့် ရေစိမ်ထားပါ။ ပွလာပါက ပွတ်တိုက်ပြီး အခွံများကြွပ်အောင် ပြုလုပ်ပါ။ အခွံချွတ်ပြီးသားဖြင့်လည်း ပြုလုပ်နိုင်ပါတယ်။

၂။       ပွလာပါက ရေစစ်ပြီး ကြိတ်စက်ဖြင့် ညက်အောင်ကြိတ်ပါ။ ရေ ၂ လီတာချိန်ထားပြီး လိုသလောက်သာ ထည့်ကြိတ်ပါ။ ကြိတ်စက်အမျိုးအစားပေါ်မူတည်ပြီး ရေထည့်ဖို့ လိုပါတယ်။

၃။       အားလုံးကြိတ်ပြီးပါက အဝတ်ပါးတစ်ခုဖြင့် ပဲဖတ်များကို စစ်ထုတ်ပါ။

၎။       စစ်ပြီးသား ပဲနှစ်ရည်ကို အိုးသန့်သန့်ထဲထည့်ပြီး မီးဖိုမှာ မီးပုံမှန်ဖြင့် ဆူပွက်သည်အထိ ကျိုပေးပါ။ အိုးမကပ်စေရန် အဆက်မပြတ် မွှေပေးပါ။

၅။       ဆူပွက်ပါက မီးကိုလျှော့ချပြီး ၅ မိနစ်ခန့် ပဲစိမ်းနံ့ပျောက်အောင် တည်ပေးပါ။

၆။       ပဲစိမ်းနံ့ပျောက်ပါက မီးပိတ်ပြီး အအေးခံကာ မိမိနှစ်သက်ရာအနေအထားဖြင့် သကြားထည့်ဖျော်ပြီး အပူဖြစ်စေ၊ အအေးဖြစ်စေ လိုသလိုသုံးဆောင်နိုင်ပါပြီ။

Facebook Comments