လေးထောင့်ချောကလက်ကိတ်သေးနှင့် ခရင်ချိစ်ဘလက်ဘယ်ရီသီး

Blackberry Cream Cheese Mini Chocolate Cake Square

(လေးထောင့်ချောကလက်ကိတ်သေးနှင့် ခရင်ချိစ်ဘလက်ဘယ်ရီသီး)

   ပါဝင်ပစ္စည်းများ (Cake အတွက်)

♦   ရိုးရိုးဂျုံမှုန့်   –   ၁ ခွက်

♦   သကြားဖြူ   –  ၁ ခွက်

♦   ကိုကိုးပေါင်ဒါမှုန့်   –   ခွက် တစ်ဝက် (Cocoa Powder)

♦   ဘေကင်ဆိုဒါပွဆေး   –   လက်ဖက်ရည်ဇွန်း တစ်ဝက်

♦   ဘေကင်ပေါင်ဒါပွဆေး   –   လက်ဖက်ရည်ဇွန်း တစ်ဝက်

♦   ဆား   –   စားပွဲဇွန်း လေးပုံတစ်ပုံ

♦   နွားနို့ရိုးရိုး   –   လေးပုံသုံးပုံခွက်

♦   ဟင်းရွက်ဆီ   –   လေးပုံတစ်ပုံခွက်

♦   ဗနီလာအနံ့ရည်   –   စားပွဲဇွန်း ၁ ဇွန်း

♦   ကြက်ဥ (အလုံးကြီး)   –   ၂ လုံး (အခန်းအပူချိန်)

   ပြုလုပ်နည်းအဆင့်ဆင့်

၁။      အိုးကြီးတစ်အိုးမှာ ရိုးရိုးဂျုံမှုန့်၊ သကြားဖြူ၊ ကိုကိုးပေါင်ဒါမှုန့်၊ ဘေကင်ဆိုဒါပွဆေး၊ ဘေကင်ပေါင်ဒါ ပွဆေး၊ ဆားကိုရောထည့်ပြီး သမအောင်မွှေပေးပါ။

၂။      နွားနို့၊ ဟင်းရွက်ဆီ၊ ဗနီလာအနံ့ရည်ကို ရောထည့်ပြီး လျှပ်စစ်လက်မွှေတံဖြင့် ရောရုံတင်ရောအောင် မွှေပေးပါ။

၃။      ကြက်ဥ ၂ လုံးကို ခေါက်ထည့်ပြီး သမအောင် မွှေပေးပါ။

၎။      မုန့်နှစ်ရည်ကို ထောပတ်သုတ်ထားတဲ့ (သို့) ပါ့ခ်ျမန် စက္ကူခင်းထားတဲ့ ၈ လက်မပတ်လည်လေးထောင့် ဗန်းထဲလောင်းထည့်ပြီး မျက်နှာပြင်ကို ညီညာအောင် ညှိပေးပါ။

၅။      အာဗင်ကို ၃၅၀ ဒီဂရီဖာရင်ဟိုက် (၁၈၀ ဒီဂရီ စင်တီဂရိတ်) ချိန်ပြီး ၁၀ မိနစ်ကြို အပူပေးပြီးလျှင် မုန့်ဗန်းကို မိနစ် ၂၀ ဖုတ်ပေးပါ။

၆။      တုတ်တံချောင်းတစ်ချောင်းနှင့် မုန့်သားကို ထိုးစိုက်ကြည့်ပြီး တုတ်မှာ မုန့်သားကပ်ပါမလာလျှင် မုန့်ဗန်းကို အာဗင်ကထုတ်၍ အအေးခံပြီး မုန့်သားမျက်နှာပြင်ကို အဆင်သင့်လုပ်ပြီးသား ခရင်မ်ချိစ် (Frosting) နှင့် အညီအမျှ သုတ်လိမ်းပေးပြီး အရွယ်တူ အတုံး ၉ တုံး လှီးဖြတ်ပါ။

၇။      ဘလူးဘယ်ရီတစ်လုံးစီကို ကိတ်မုန့်လေးထောင့်ပေါ်တင်ပြီး အဆင်သင့်စားသုံးနိုင်ပါပြီ။

   Cream Cheese Frosting အတွက်

♦   ခရင်မ်ချိစ် (အခန်းအပူချိန်)   –   ၈ အောင်စ

♦   သကြားဖြူရိုးရိုး   –   ၁ ခွက်

♦   ဆား   –   လက်ဖက်ရည်ဇွန်း ရှစ်ပုံတစ်ပုံ

♦   ဗနီလာအနံ့ရည်   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   Whipping Cream   –   ၁ ခွက်ခွဲ

     (မှတ်ချက် – ပိုလျှံတဲ့ ခရင်မ်ချိစ် Frosting ကို တခြားမီနီကိတ် ၁ ကပ်ကိတ်အတွက် အသုံးပြုနိုင်ပါတယ်။)

♦   ဘလက်ဘယ်ရီသီး   –   ၉ လုံး

   ပြုလုပ်နည်းအဆင့်ဆင့်

၁။     အိုးကြီးတစ်အိုးမှာ ခရင်မ်ချိစ်ကို သကြား၊ ဆား၊ ဗနီလာအနံ့ရည် ရောထည့်ပြီး လျှပ်စစ်လက်မွှေတံဖြင့် Smooth ပျော့ပျောင်းလာသည်အထိ မွှေပါ။

၂။      နောက်အိုးတစ်အိုးမှာ Wipping Cream ကို Stiff Peak ဖြစ်လာသည်အထိ မွှေပေးပါ။

၃။      Wipping Cream ကို ခရင်မ်ချိစ်အရောအနှောနှင့် ရောထည့်ပြီး Fold လုပ်ပြီးလျှင် အဆင်သင့်အသုံးပြုနိုင်ပါပြီ။

www.facebook.com/Dexter Ng

Facebook Comments