ရွှေဖရုံသီးသာကူပေါင်း (Stewed Pumpkin in Coconut Cream)

by Sofia for Food Magazine

          ရွှေဖရုံသီးယိုးဒယားအချိုပွဲလေး ဖြစ်ပါတယ်။ ပါဝင်ပစ္စည်း နည်းနည်းနဲ့ စားရတာ အရသာရှိတဲ့ အချိုပွဲလေးဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ရွှေဖရုံသီး  –  ၁ ကီလို

အုန်းနို့  –  ၂၅၀ မီလီလီတာ

ရေ  –  ၅၀ဝ မီလီလီတာ

သကြား  –  ၁၇၅ ဂရမ်

ဆား  –  အနည်းငယ်

သာကူစေ့  –  လက်တစ်ဆုပ်

ပြုလုပ်နည်း

၁။       ရွှေဖရုံသီးကို အခွံနွှာ၍ ရေဆေးသန့်စင်ပြီး အတုံးကြီးကြီး တုံးထားပါ။ သာကူစေ့ကို ရေဆေး၍ ရေနွေးပွက်ပွက်ဆူထဲ ထည့်ပြုတ်ပြီး အဆန်ပျောက်ပါက ရေဆေးပြီး ရေအေးစိမ်ထားပါ။ အလှဆင်ရန်မှာ ဖရုံစေ့ကို ဖယ်ထုတ်ပြီး ရေဆေးကာ Oven မှာ အခြောက်ခံပြီး ကင်ထားပါ။ လှော်ပြီးသားသုံးလည်း ရပါတယ်။

၂။       အိုးတစ်အိုးထဲ ရေ၊ ဆားနှင့်သကြားတို့ကို ထည့်ပြီး ကျိုပါ။

၃။       ဆူပွက်လာပါက အုန်းနို့နှင့် ရွှေဖရုံသီးထည့်ပြီး မီးအေးအေးဖြင့် ၁၀ မိနစ်ခန့် ဖရုံသီး နူးလာအောင် တည်ပါ။ ဝေမကျစေရန် ဂရုပြုပါ။

၎။       ရွှေဖရုံသီးနူးပါက သာကူရောပါ။ ပန်းကန်ထဲထည့်ပြီး အုန်းနို့ဆမ်း၍ ဖရုံစေ့လှော် ဖြူးပြီး နှစ်သက်သလို အလှဆင်ကာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Facebook Comments