ရေပြောင်းဖူးသုပ်

by Myint Oo Tha for Food Magazine

          ရေပြောင်းဖူးကို လူသိနည်းကြပါတယ်။ တချို့စားသောက်ဆိုင်တွေမှာ ရောင်းချတာ ကိုတော့ တွေ့ရပါတယ်။ ရေပြောင်းဖူးကို သုပ်စားလို့ရသလို ကြော်ပြီးလည်း စားကြပါတယ်။ ရန်ကုန်မှာတော့ ရှမ်းပြည်နယ်က လာတဲ့ ရေပြောင်းဖူးကို တချို့ဈေးတွေမှာ ဝယ်ယူနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ရေပြောင်းဖူး  –  ၄ ဖူး

သံပရာသီး  –  ၂ လုံး

မြေပဲလှော်  –  စားပွဲဇွန်း ၄ ဇွန်း (ထောင်းထားပါ)

နှမ်းလှော်  –  စားပွဲဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူဆီချက်  –  စားပွဲဇွန်း ၅ ဇွန်း

ဆား  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။         ရေပြောင်းဖူးရဲ့ အပြင်ဘက်မှ အခွံကြမ်းများကို နွှာပြီး အထဲမှ ရေပြောင်း ဖူးနုနုကို ခြစ်ဖြင့် ခြစ်ထားပါ။

၂။         ပြီးလျှင် အသုပ်သုပ်မယ့် ဇလုံထဲ ခြစ်ထားတဲ့ ရေပြောင်းဖူးကို ထည့်ပါ။

၃။         ပြီးလျှင် ကြက်သွန်ဖြူဆီချက်၊ မြေပဲထောင်း၊ နှမ်းလှော်၊ ဆားတို့ကို ထည့်၍ သံပရာရည်ညှစ်ပြီး နယ်ပါ။

Facebook Comments