ရောင်စုံ မုန့်ကြာစေ့ (Colorful Mini Glutinous Rice Ball)

by Syi Lwin Foods Garden for Food Magazine

          မြန်မာများရဲ့  နှစ်သစ်ကူးအခါသင်္ကြန်မှာ မုန်ကြာစေ့ကိုတော့ လူကြီး၊ လူငယ်အားလုံး စုပေါင်းပြီး ပျော်ပျော်ပါးပါး ပြုလုပ်သုံးဆောင်လေ့ရှိကြပါတယ်။ ထူးခြားတဲ့ မုန့်မဟုတ်သော်လည်း လုပ်စားရတာလွယ်ကူပြီး စားကောင်းသောကြောင့် မပါမဖြစ်တဲ့ မုန့်လေးမို့ လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ကောက်ညှင်းမှုန့်  –  ၄၀ဝ ဂရမ်

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ထန်းလျက်  –  ၅၀ဝ ဂရမ်

အုန်းသီးဖတ်  –  ၁ ခွက်

နို့စိမ်း  –  ၁ ၁/၂ ခွက် (ဆမ်းစားရန်)

နို့ဆီ  –  စားပွဲဇွန်း ၃ ဇွန်း

နို့စိမ်း  –  ၁ ခွက် (မုန့်သားနယ်ရန်)

ရေ  –  လိုသလောက် (မုန့်သားနယ်လျှင် ရေလိုလျှင် ထည့်ပါ)

အစားအသောက်အရောင်  –  ၂ စက် (အရောင်တစ်မျိုးကို ၂ စက်)

ပြုလုပ်နည်း

၁။       ဇလုံအကြီးထဲ ကောက်ညှင်းမှုန့်၊ ဆား၊ နို့ဆီ၊ နို့စိမ်း ၁ ခွက် ထည့်ပြီး မုန့်နှစ်လုံးလို့ရသော အနေအထားအထိ လက်ဖြင့် သေချာနယ်ပါ။

၂။       ပြီးလျှင် အဖုံးအုပ်ပြီး မိနစ် ၃၀ ခန့် နှပ်ထားပါ။ မုန့်နှစ်သားများကို လိုသလောက် ခွဲပြီး အရောင်များ ထည့်ပြီး နယ်နှပ်ပါ။  (အရောင်မုန့်ကြာစေ့လုပ်မယ်ဆိုလျှင်)

၃။       ထန်းလျက်ကို ရေထည့်၍ ကျိုထားပြီး အမှိုက်များ စစ်ထားပါ။ အုန်းသီးခြစ်ထားပါ။

၎။       မုန့်လုံးလုံးရန် အသင့်ဖြစ်ပါက ရေနွေးအိုးတစ်အိုးကို ဆူပွက်အောင် တည်ထားပါ။ ရေအေးထည့်ထားသောဇလုံ အသင့်ထားပါ။

၅။       အားလုံးအသင့်ဖြစ်ပါက မုန့်လုံး စတင်လုံးနိုင်ပါပြီ။ မုန့်နှစ်ကို ကြာစေ့အရွယ် အလုံးလေးများ လုံးပါ။

၆။       ရေနွေးအိုး ဆူပွက်ပါက လုံးထားပြီးသား မုန့်လုံးလေးများကို ထည့်၍ပြုတ်ပါ။ ပြန်လည်ဆူပွက်ပြီး မုန့်လုံးလေးများ ရေပေါ် ပေါ်လာပါက မုန့်လုံးကျက်ပြီးဖြစ်၍ ဆယ်ယူပြီး ရေခဲရေထည့်ထားသော ရေအေးဇလုံထဲ စိမ်ထားပေးပါ။

၇။       အေးသွားသော မုန့်လုံးကို ဆယ်ယူ၍ ထန်းလျက်ရည်ဆမ်းကာ အုန်းသီးဖတ်၊ နို့စိမ်းထည့်ပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Facebook Comments

Menu