ဘေကွန်ဘာလချောင်ကြော်

by Ko Thit Htoo for Food Magazine

          ဘေကွန်အသားပြားသုံးပြီး ဘာလချောင်ကြော် ကြော်လို့ရပါတယ်။ ဒီနည်းလေးကို အဆန်းထွင်ပြီး ပုစွန်ခြောက်၊ ငါးခြောက် မရနိုင်တဲ့ နိုင်ငံရပ်ခြားနေသူတွေ လိုက်လုပ်စားနိုင်အောင် တင်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်သွန်နီ  –  ၂ လုံး (ပါးပါးလှီးပြီး)

ကြက်သွန်ဖြူ  –  ၁၀ မြွှာ (ဓားပြားရိုက်ပြီး)

ဆီ  –  ကြော်ရန်လုံလောက်သောပမာဏ

ဘေကွန်အသားလွှာ  –  ၄ ချပ်

ပင်လယ်ဆား  –  အနည်းငယ်

သကြားညို  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ကြက်သွန်လှီးပြီးသားများကို နေတစ်နေ့လှမ်းပြီး ဆီပူမှာ ရွှေရောင်ရသည်အထိ ကြော်ထားပါ။

၂။       မကပ်သောဒယ်ပြားမှာ မီးအပူပေးပြီး ဘေကွန် ၄ ချပ်ကို ခပ်သေးသေးလှီး၍ ကြွပ်လာသည်အထိ ဆီမပါဘဲ လှော်ပေးပါ။ ပြီးလျှင် အအေးခံပြီး ကျန်ပါဝင်ပစ္စည်းများနှင့် သင့်သလို ရောပြီး သုံးဆောင်နိုင်ပါပြီ။

သတိပြုရန်- ဘေကွန်မှာ အငန်ပါသောကြောင့် ဆားကို သတိပြုပြီး သုံးဖို့ဖြစ်ပါတယ်။

Facebook Comments