ပေါင်မုန့်ကြက်ဥကြော်

          အချိုကြော်မဟုတ်ဘဲ  အစပ်ကြော်လေးပါ။ ကြက်သားမဆလာချက်၊ အာလူး မဆလာချက်တို့ကိုထည့်ရင် ပိုစားကောင်းပါတယ်။ အခုကတော့ အိမ်မှာရှိတာနဲ့ အလွယ် လုပ်ထားတဲ့ ပေါင်မုန့်ကြက်ဥကြော်ပါရှင်။

ပါဝင်ပစ္စည်းများ

ပေါင်မုန့်  –  ၂ ချပ်

ကြက်ဥ  –  ၂ လုံး

ဂေါ်ဖီ  –  ၁ ရွက်

ငရုတ်သီးစိမ်းစပ်စပ်  –  ၂ တောင့်

နံနံပင် –  ၄ ခက်

ခရမ်းချဉ်သီး  –  ၁ လုံး

ကြက်သွန်နီ  –  ၁ ခြမ်း

မဆလာ  –  အနည်းငယ်

ဆား  –  အနည်းငယ်

မန်ကျည်းရည်/သံပရာရည်

ကြက်သားမှုန့်  –  အနည်းငယ်

ထောပတ်/ဆီ  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ပေါင်မုန့်ကို ကန့်လန့်ဖြတ် တြိဂံပုံ လှီးထားပါ။

၂။       အသီးအရွက်များကို ပါးပါးလှီးထားပါ။

၃။       မကပ်တဲ့ ဒယ်ပြားကို မီးဖိုပေါ်တင်ပါ။ မီးကို အရမ်းမပူစေရ။ ပေါင်မုန့်ထည့်ပြီး မီးအပူနှင့် ကြွပ်သွားရုံလေး ကပ်ပေးပါ။ ပေါင်မုန့်တွေကို ဖယ်ပါ။

၎။       ဒယ်အိုးမှာ ထောပတ်အနည်းငယ်ထည့်ပါ။ အသီးအရွက်များ ဖြူးထည့်ပါ။ ဆား၊ မဆလာ၊ ကြက်သားမှုန့် ဖြူးထည့်ပါ။ ကြက်ဥ ၁ လုံး ဖောက်ထည့်ပါ။ ကြက်ဥကို ပေါင်မုန့်တစ်ချပ်စာနေရာရအောင် ဖြန့်ပါ။ (ကြက်သားမဆလာ၊ အာလူးမဆလာတို့) ထည့်မယ်ဆိုရင် ပေါင်မုန့်ပေါ် ပါးပါးလေးသုတ်ပေးပြီး တြိဂံပုံ ပေါင်မုန့် ၂ ချပ်ကို မကျက်တကျက်ဖြစ်နေတဲ့ ကြက်ဥပေါ် ဖိကပ်ပါ။ အပေါ်ကနေ ဇွန်းနဲ့ သေချာဖိဖိပေးပါ။နောက်တစ်ဖက်ကို လှန်ပြီး ပေါင်မုန့်သားကြွပ်အောင် အိုးပူကပ်ပေးပါ။

၅။       ပေါင်မုန့်ကြွပ်ရင် ပေါင်မုန့် ၂ ချပ်ကို ခေါက်ကာ ဆယ်ယူပြီး ပူပူနွေးနွေး သုံးဆောင်ပါ။

Facebook Comments