ထောပတ်သီး ကြက်သားအဆာသွတ်နှင့် သီးရွက်စုံကြော် (Stuffed Avocado with Chicken & Stir-Fried Mixed Vegetables)

by Chef U Suuny for Food Magazine

ဒီလအတွက် ပရိသတ်များကို ရွေးချယ်တင်ဆက်ပေးလိုက်တဲ့ ဟင်းလျာအတွဲလေးကတော့ ‘ထောပတ်သီး ကြက်သား အဆာသွတ်နှင့် သီးရွက်စုံကြော်’ လေးပါပဲ။

ကြက်သားကို ဇီရာ၊ ဆား၊ ငရုတ်ကောင်းနဲ့ ငရုတ်ချိုမှုန့်တို့နဲ့ အရသာသွင်းပြီး ထောပတ်သီးကို အဆာသွတ်ထားတဲ့ ဟင်းလျာလေးက ထူးခြားသလို အာဟာရလည်းဖြစ်ပါတယ်။ အနောက်တိုင်း အစားအစာ ပြင်ဆင်နည်းကို အခြေခံပြီး ပြင်ဆင်ထားပါတယ်။ သီးရွက်စုံကြော်လေးကိုလည်း အလွန်နူးညံ့တဲ့ ဖရုံသခွားသီးကို ပန်းဂေါ်ဖီစိမ်း ၊ ပန်းဂေါ်ဖီဖြူတို့နဲ့  ရောကြော်ထားတာမို့ အရသာထူးခြားပြီး အစာကြေလည်း လွယ်ပါတယ်။ ကဲ . . . ထူးခြားတဲ့ ‘ထောပတ်သီး ကြက်သား အဆာသွတ်နဲ့  သီးရွက်စုံကြော် ‘ လေးချက်ကြည့်ကြရအောင် . . .

ပါဝင်ပစ္စည်းများ

ကြက်ရင်အုပ်သား  –  ၁၅ ကျပ်သား

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ကြက်သားမှုန့်  –  အနည်းငယ်

သိုင်းမ်အမှုန့်  –  အနည်းငယ်

ဇီရာမှုန့်  –  အနည်းငယ်

မာဂျော်ရမ်ရွက်ခြောက်  –  အနည်းငယ်

ငရုတ်ချိုမှုန့်  –  အနည်းငယ်

အော်ရီဂါနိုရွက်ခြောက်  –  အနည်းငယ်

ရိုစ့်မယ်ရီရွက်ခြောက်  –  အနည်းငယ်

သံလွင်ဆီ  –   ၂ ဇွန်း

ပန်းသီးရှလကာရည်  –  ၁ ဇွန်း

ဝိုင်ဖြူ  –  ၁ဝဝ မီလီလီတာ

ထောပတ်သီး –  ၃ လုံး

မော်ဇရဲလားချိစ်  –  ၁ဝဝ ဂရမ်

ပါမီဆန်ချိစ်အမှုန့်  –  ၁ဝဝ ဂရမ်

ပြုလုပ်ပုံ

၁။       ကြက်ရင်အုပ်သားကို အရေပြားဖယ်၍ ပါးပါးလှီးပြီး ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သားမှုန့်၊ သိုင်းမ်အမှုန့်၊ ဇီရာအမှုန့်၊ မာဂျော်ရမ်ရွက်ခြောက်၊ ရိုစ့်မယ်ရီရွက်ခြောက်၊ သံလွင်ဆီ၊ ပန်းသီးရှလကာရည်တို့ဖြင့် အရသာသွင်းထားပါ။

၂။       ဒယ်အိုးကို အပူပေးပြီး အရသာသွင်းထားသော ကြက်ရင်အုပ်သားကို ထည့်ကြော်ပါ။

၃။       ကြက်သားအနည်းငယ် အရောင်ရလာလျှင် ဝိုင်ဖြူအနည်းငယ်ထည့်ချက်ပါ။

၎။       ထောပတ်သီးကို အခွံနွှာပြီးအခြမ်းလိုက်ထား၍ အသင့်ချက်ထားသော ကြက်ရင်အုပ်သားနှင့် အဆာသွတ်ပါ။

၅။       ကြက်သားအဆာသွတ်ထားသော ထောပတ်သီးကို မော်ဇရဲလားချိစ်နှင့် ပါမီဆန်ချိစ် အနည်းငယ်အုပ်၍ တည်ခင်းပါ။

ပါဝင်ပစ္စည်းများ

ပန်းဂေါ်ဖီစိမ်း  –  အနည်းငယ်

ပန်းဂေါ်ဖီဖြူ  – အနည်းငယ်

ဖရုံသခွားသီး  – ၁ လုံး

ကြက်သွန်ဖြူ   –  ၃ တက်

လိစ်  –  အနည်းငယ်

ထောပတ်  –  ၁ ဇွန်း

ကြက်သွန်နီ –  ၁ ဇွန်း

ငရုတ်သီးစိမ်း  – ၁၀ တောင့်

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ပြုလုပ်ပုံ

၁။       ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီဖြူ၊ ဖရုံသခွားသီးတို့ကို လှီးထားပြီး ဆားရည်စိမ်ထားပါ။

၂။       ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းပြီး လိစ်အနည်းငယ်ကို ပါးပါးလှီးထားပါ။

၃။       အသင့်လှီးပြီး ဆားရည်စိမ်ထားသော သီးရွက်စုံကို ရေနွေးဖြင့် အနည်းငယ်ပြုတ်ပြီး ကြက်သွန်ဖြူ၊ ထော ပတ်တို့နှင့် ဆီသတ်ကြော်ပါ။ အရသာကို ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြင့် တည်ခင်းပါ။

www.facebook.com/Sunny Angelo

Facebook Comments