ထောပတ်သီးကြော် (Fried Avocad)

by Syi Lwin Foods Garden for Food Magazine

          ထောပတ်သီးက အလွယ်တကူ လျင်မြန်စွာ လုပ်စားလို့ရတဲ့ အဆာပြေအစားအစာပါ။ အိမ်မှာ ပျင်းလို့ပဲဖြစ်စေ၊ ဧည့်ခံပွဲအတွက် ဧည့်ခံချင်လို့ပဲဖြစ်စေ အလွန်အဆင်ပြေစေတဲ့ အဆာပြေအစားအစာလေးပါ။

ပါဝင်ပစ္စည်းများ

ထောပတ်သီး  –  ၁ လုံး (အမြှောင်းလိုက် လှီးထားပါ)

ကြက်ဥ  –  ၁ လုံး (ခလောက်ထားပါ)

ဆား  –  အနည်းငယ်

ငရုတ်သီးမှုန့်  –  ၁/၂ ဇွန်း

ပဲဆီ  –  လိုသလောက်

ပြုလုပ်နည်း

၁။       ဖန်ဇလုံထဲ ကြက်ဥ၊ ဆား၊ ငရုတ်သီးမှုန့်များ ထည့်ပြီး သေချာမွှေပါ။

၂။       အကြော်အိုးထဲ ဆီပူအောင် တည်၍ ဆီပူလာလျှင် ထောပတ်သီးဖတ်လေးများကို ကြက်ဥအနှစ်ထဲ တစ်ဖတ်ချင်းထည့်နှစ်ပြီး ဆီအိုးထဲ မပြည့်တပြည့် ထည့်ကြော်ပါ။ အိုးကျပ်နေအောင် မထည့်သင့်ပါ။ တစ်ဖက် ရွှေရောင်သန်းလျှင် တစ်ဖက်လှန်ပေးပါ။ ကြွပ်ရွနေအောင် ကြော်ပါ။

၃။       ဆီအိုးထဲမှ ဆယ်ယူပြီး မီးဖိုချောင်စက္ကူပေါ်မှာ တင်၍ ဆီစစ်ပါ။ ချက်ချင်းကြွပ်ရွလေးကို ကြိုက်နှစ်သက်ရာ အချဉ်ရည်ဖြင့် တို့စားပါ။

Facebook Comments