ထောပတ်သီးပေါင်မုန့်ပူတင်း

ထောပတ်သီးပေါင်မုန့်ပူတင်း

          သာမန်ပူတင်းပေါင်မုန့်များထက် ဆန်းသစ်ပြီး ထောပတ်သီးပါ ထည့်လုပ်ထားတာကြောင့် ဆိမ့်တဲ့ အရသာလေးပါ ပိုတဲ့ ပူတင်းပေါင်မုန့်ပါ။

   ပါဝင်ပစ္စည်းများ

♦   ထောပတ်သီး   –   တစ်ဝက်

♦   ပေါင်မုန့်အမာ   –   အနည်းငယ်

♦   ကြက်ဥရည်   –

   ဦးစွာကြက်ဥရည်ကို ပြင်ဆင်ပါမယ်။

♦   နွားနို့   –   ၁ ခွက် (၂၀ဝ မီလီလီတာ)

♦   နို့စိမ်း   –   ခွက်တစ်ဝက် (၁၀ဝ မီလီလီတာ)

♦   သကြား   –   စားပွဲဇွန်း ၃ ဇွန်း

♦   ကြက်ဥ    –   ၂ လုံး

♦   ကြက်ဥအနှစ်   –   ၁ ခု

♦   ဗနီလာအနံ့    –   ၂ စက်ခန့်

   ပြုလုပ်နည်းအဆင့်ဆင့်

၁။      ကြက်ဥရည်အတွက် ကြက်ဥ၊ ကြက်ဥအနှစ်၊ ဗနီလာအနံ့နှင့် သကြားကို သမအောင် ခေါက်မွှေထားလိုက်ပါ။

၂။      နွားနို့နှင့် နို့စိမ်းကိုရောမွှေ၊ အပူပေးပြီး မဆူခင်မှာ မီးပေါ်မှ ချလိုက်ပါ။

၃။      ပြီးလျှင် မွှေထားသော ကြက်ဥနှင့် သကြားထဲကို လောင်းထည့်ပေးပါ။ တစ်ချိန်တည်းမှာ လက်နှင့် မွှေပေးနေပါ။

၎။      ရလာသော နို့ကြက်ဥရည်များကို ဆန်ခါနှင့်စစ်ပြီးလျှင် သုံး၍ရပါပြီ။

၅။      Oven ၃ ဖန်ခွက် သို့မဟုတ် ရိုးရိုး Baking Tin တစ်ခုထဲမှာ ပေါင်မုန့်နှင့် ထောပတ်သီး အစိတ်လေးများကို ပုံပါအတိုင်း စီထည့်ပေးပါ။

၆။      အသင့်ပြင်ထားသော ကြက်ဥရည်များကို  လောင်းထည့်ပြီး ၁၈၀ ဒီဂရီ အပူပေးထားသော အာဗင်မှာ နာရီဝက်ခန့် ဖုတ်ပေးလျှင် ရပါပြီ။

၇။      လုံးဝအေးမှ သုံးဆောင်ပါ။

http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen

Facebook Comments