ထောပတ်ခရမ်းသီးနှင့် ဆိတ်သားခြောက်မှုန့်ချက် (Stewed Butter Eggplant with Dried Mutton)

by Syi Lwin (Foodsgarden) for Food Magazine

          လျင်မြန်စွာ ချက်ပြုတ်လွယ်ကူပြီး ရိုးရှင်းသောအရသာပေးနိုင်တဲ့ ထောပတ်ခရမ်းသီးကို ဆိတ်သားခြောက်ဖြင့် တွဲဖက်ပြီး နေကြာဆီနှင့် ချက်ထားတာကြောင့် စိမ့်သော အရသာဖြင့် ထမင်းမြိန်စေပါတယ်။ စည် တီထွင်ထားတဲ့ ကျေးလက်တောရွာ ပုံစံချက်လေးကို ယခုခတ်ဆန်ဆန် ပြန်လည်တီထွင်ထားတာလေး ချက်ကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

ရေ  –  ၂ ခွက်

ထောပတ်ခရမ်းသီး  –  ၆ လုံး (ဒေါင်လိုက်အရှည် ပါးပါးလှီးထားပါ)

ဆိတ်သားခြောက်မှုန့်  –  စားပွဲဇွန်း ၅ ဇွန်း (အမျှင်မွမွလေးတွေ မွထားပါ)

ငရုတ်သီးစိမ်း  –  ၅ တောင့် (ခပ်ပါးပါးလှီးထားပါ)

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

စိမ်းစားငါးပိ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နေကြာဆီ  –  စားပွဲဇွန်း ၂  ၁/၂ ဇွန်း

နံနံပင်  –  ၃ ပင် (ခပ်ကြမ်းကြမ်း လှီးထားပါ)

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပြုလုပ်နည်း

          အိုးအကြီးထဲ နံနံပင်မှလွဲ၍ ကျန်ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး အဖုံးမအုပ်ဘဲ ၇-၈ မိနစ်ခန့် အငွေ့တက်သည်အထိ တည်ပါ။ မွှေပေးပါ။ အဖုံးအုပ်၍ အငွေ့တက်ပြီး ခရမ်းသီးနူးအိသည်အထိ တည်ပါ။ ဆားမြည်းပြီး လိုတာထပ်ဖြည့်ပါ။ အပေါ်မှ နံနံပင်အုပ်ပြီး ထမင်း အဖြူနှင့် အတူတွဲစားလို့ရပါပြီ။

www.facebook.com/Syi Foodsgarden

Facebook Comments