ဆော်လမွန် ထင်းရှူးစေ့ကပ်ကြော်နှင့် သီးရွက်စုံ (Crushed Pine Nut Wrapped Salmon Fillet with Mixed Vegetables)

by Chef Ko Sunny for Food Magazine

          ဒီလအတွက် ပရိသတ်များကို ဖော်ပြပေးလိုက်တဲ့ ဟင်းလျာအတွဲလေးကတော့ ဥရောပအစားအစာ ပြင်ဆင်နည်းလေးကို အခြေခံထားတဲ့ “ဆော်လမွန်ငါး ထင်းရှူးစေ့ ကပ်ကြော်နှင့် သီးရွက်စုံ” ဟင်းလျာအတွဲလေးပါ။ ပရိုတင်းဓာတ်ပြည့်ဝပြီး  အရသာကောင်းမွန်တဲ့ ဆော်လမွန်ငါးအသားလွှာကို ထင်းရှူးစေ့လေးတွေ ထောင်းပြီး ကပ်ကြော်ထားတာက ထူးခြားပြီး အနံ့အရသာနဲ့လည်း ပြည့်စုံပါတယ်။ ထင်းရှူးစေ့နဲ့ ကပ်ကြော်ထားတဲ့ ရည်ရွယ်ချက်ကတော့ ငါးအသားလွှာကို ဒယ်အိုးရဲ့ မျက်နှာပြင်နဲ့ တိုက်ရိုက် အပူမထိစေဘဲ ငါးအသားလွှာကို နူးညံ့စွာ ကျက်သွားစေလိုတဲ့အတွက်ကြောင့်ပါ။ ကညွတ်နဲ့ သီးရွက်စုံတွေကတော့ ဆော်လမွန်ငါးနဲ့ အမြဲလိုက်ဖက်ပါတယ်။ ရိုးရှင်းပြီး ကျန်းမာရေးနဲ့လည်းညီညွတ်တဲ့ ဝိုင်ဖြူဆော့စ်နဲ့ တွဲဖက်တည်ခင်းထားတာမို့ အစာကြေ လွယ်စေပြီး အာဟာရလည်း ပြည့်စေမှာပါ။ ကဲ… ထူးခြားတဲ့ ဥရောပအစားအစာလေးတစ်မျိုး ပြင်ဆင်ကြည့်ကြရအောင်… OK… WOW !!! SO BEAUTIFUL !!!

ဆော်လမွန် ထင်းရှူးစေ့ကပ်ကြော်နှင့် သီးရွက်စုံ

ပါဝင်ပစ္စည်းများ

ဆော်လမွန်ငါး  –  ၁၈၀ ဂရမ်

ထင်းရှူးစေ့  –  ၁၀ဝ ဂရမ်

ဖရုံသခွား  –  ၁ လုံး

ငရုတ်ပွ (စိမ်း၊ နီ၊ ဝါ)  –  ၁ လုံးစီ

ကညွတ်  –  ၅ ချောင်း

သံပရာသီး  –  ၁ လုံး

ကြက်သွန်နီ  –  အနည်းငယ်

ကြက်သွန်ဖြူ  –  အနည်းငယ်

ဆား  –  အနည်းငယ်

ငရုတ်ကောင်း  –  အနည်းငယ်

ဝိုင်ဖြူ  –  အနည်းငယ်

သံလွင်ဆီ  –  အနည်းငယ်

ထောပတ်

ချက်ပြုတ်ပုံအညွှန်း

၁။       ဆော်လမွန်ငါးအသားလွှာကို သံပရာရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် အရသာသွင်းပြီး အသင့် ထောင်းထားသော ထင်းရှူးစေ့ဖြင့် ကပ်ထားပါ။

၂။       အသီးအရွက်များကိုလည်း လှီးထားပါ။

၃။       သံလွင်ဆီအနည်းငယ်နှင့် အသင့်ထင်းရှူးစေ့ကပ်ထားသော ဆော်လမွန်ငါးအသားလွှာကို မီးအေးအေး ဖြင့် ကြော်ပါ။

၎။       အသင့်လှီးထားသော အသီးအရွက်များကို ထောပတ်၊ ကြက်သွန်ဖြူ အနည်းငယ်ဖြင့် ကြော်ပါ။ အရသာကို ဆား၊ ငရုတ်ကောင်းမှုန့်အနည်းငယ်တို့ဖြင့် ထိန်းညှိပါ။

Facebook Comments