စောင်းလျားသီးငါးခြောက်ချက်

by My Foodies for Food Magazine

ဒီဟင်းလျာကို နာမည်ကြည့်ပြီး ငါးပိချက်ပုံစံမျိုး ချက်တယ်ထင်ရင် မှားပါလိမ့်မယ် ငါးပိချက်ပုံစံ ချက်မယ်ဆို ရဲရဲတင်းတင်းစားသောက်နိုင်မယ့်သူ အရေအတွက် နည်းပါလိမ့်မယ်။ ဒါကြောင့် ငါးခြောက်နဲ့ စောင်းလျားကို အရည်စပ်စပ်လေး ချက်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ငါးခြောက်  –  ၂ဝ ကျပ်သား

(ရေနွေး ၃ ထပ်စိမ်ပြီး ဆေးထား)

စောင်းလျားသီး  –  ၅ လုံး (ပါးပါးလှီးပြီး)

ငရုတ်သီးစိမ်း  –  ၁ဝ တောင့်

စပါးလင်  –  ၁ ပင်

 ကြက်သွန်နီ  –  ၁ လုံး

ကြက်သွန်ဖြူ  –  ၃ မြွှာ

ဆီ  –  စားပွဲဇွန်း ၅ ဇွန်း

ရှားနံနံ  –  ၃ ပင်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်တို့ကိုရောပြီး ညက်အောင်ထောင်းထားပါ။

၂။       ရေနွေးစိမ်ပြီး ဆေးထားတဲ့ ငါးခြောက်များကိုတုံးပြီး ဆီနှင့်ထောင်းထားသော အဆာများထည့်ကာ လုံးပါ။

၃။       ရှားနံနံအမြစ်များထုထည့်ပေးပြီး ရေနွေး ၂ ခွက်ထည့်ကာ တည်ထားပါ။

၅။       ရေဆူလျှင် စောင်းလျားသီးများ ပါးပါးလှီးထည့်ပြီး ဆားခတ်၊ ငံပြာရည်ခတ်ပြီး အရသာမြည်းပါ။ နောက်ဆုံး ငရုတ်သီးစိမ်းများထောင်းထည့်၊ ရှားနံနံများခတ်ပြီး ချက်ပြုတ်ခြင်း အဆုံးသတ်နိုင်ပါပြီ။

www.facebook.com/MY FOODIES (mm)

Facebook Comments