ခေါပုတ် အဆာသွတ်

by Ko Thit Htoo for Food Magazine

          ရှမ်းခေါပုတ်လေးတွေ့တာနဲ့ အဆာသွတ်မုန့်လေးတစ်ခုကို မနက်စာအတွက် ပြင်ဆင်ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ခေါပုတ်  –  ၁၀ သားထုပ်

တရုတ်ဝက်အူချောင်း  –  ၂ ချောင်း

ဘဲဥပြုတ်  –  ၁ လုံး

ပုစွန်ခြောက်  –  အကောင် ၂၀

ကြက်သွန်မြိတ်  –  ၂ ပင်

ကြက်သွန်ဖြူ  –  ၃ မြွှာ

ပြုလုပ်နည်း

၁။       ဝက်အူချောင်း ပါးပါးလှီးပြီး ရေနည်းနည်းနဲ့ ခြောက်သည်အထိ တည်ထားပါ။ အရည်ခြောက်ပြီး ဆီထွက်လာလျှင် ကြက်သွန်ဖြူနှင့် ပုစွန်ခြောက်ထည့်ပြီး မွှေပေးပါ။ ဝက်အူချောင်းမှ ဆီအနည်းအများပေါ်မူတည်ပြီး လိုအပ်လျှင် ဆီနည်းနည်းလိုက်ပေးပါ။ ပြီးလျှင် အားလုံး အအေးခံထားပါ။

၂။       ခေါပုတ်ကို အပိုင်းသေးသေးလေးများလှီးပြီး အဝိုင်းပြားလေးများဖြစ်အောင် လှိမ့်ထားပါ။ ၆ ချပ်ရလျှင် ၃ ခုစာ အဆာသွတ်လို့ရပါပြီ။ ခေါပုတ်ပြားတစ်ခုမှာ ဘဲဥအကွင်းလိုက်ပါးပါးလှီးတင်ပေးပြီး အပေါ်မှ ဝက်အူချောင်း၊ ပုစွန်ခြောက်၊ ကြက်သွန်မြိတ်တို့ကို ထည့်၍ ခေါပုတ်နောက်တစ်ချပ်ဖြင့် ပိတ်ပေးပါ။ ခေါပုတ်မှာ ဆီပါလို့ မုန့်ကပ်အောင် သေသေချာချာ ဖိကပ်ပေးပါ။

၃။       မကပ်တဲ့ အိုးပြားကို အပူပေး၍ အဆာသွတ်ပြီး မုန့်များကို တစ်ဖက်လျှင် ၂ မိနစ်စီခန့် မီးအလယ်အလတ်ဖြင့် ကင်ပေးပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments