ကျောက်ပွင့်အစပ်ကြော်

by အံ့ဝင့်ထွဋ် for Food Magazine

          ဒီဟင်းလျာလေးက အိမ်ရှင်မတွေ လက်စွမ်းပြလို့ကောင်းမယ့် ဟင်းလျာလေးပါ။ ကျောက်ပွင့်ကို များသောအားဖြင့် သုပ်စားတာများပါတယ်။ ဟင်းချို၊ မာလာဟင်းတွေမှာ ထည့်လေ့ရှိတယ်။ ဒီတစ်ခါတော့ အပြောင်းအလဲလေး ဖြစ်သွားအောင် ကျောက်ပွင့်လေးကို အစပ်လေးကြော်ပါမယ်။

ပါဝင်ပစ္စည်းများ

ကျောက်ပွင့်  –  ၁ ပွင့်

ငရုတ်သီး (နီ၊ စိမ်း)  –  ၆ တောင့်ခန့်

ပုစွန်ခြောက်  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ  –  ၄ မြွှာ

ကြက်သွန်နီ  –  ၁ လုံး

တရုတ်နံနံပင်  –  အနည်းငယ်

ခရုဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ဆား  –  အနည်းငယ်

သကြား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       ကျောက်ပွင့်ကို ပွလာအောင် ရေစိမ်ထားပါ။ ကျောက်ပွင့်ပွလာပြီဆိုလျှင် ရေနှင့် သေချာဆေးပြီး အနေတော်အရွယ် လှီးဖြတ်ထားပါ။

၂။       ကြက်သွန်ဖြူ (နုပ်နုပ်စဉ်း) နှင့် ကြက်သွန်နီ (ပါးပါးလှီး) တို့ကို ဆီသတ်ပါ။

၃။       အနံ့မွှေးလာပြီဆိုလျှင် တစ်ခြမ်းခြမ်းထားတဲ့ ငရုတ်သီးများ ထည့်ပါ။ ပုစွန်ခြောက် ထည့်ပါ။

၎။       လှီးဖြတ်ထားတဲ့ ကျောက်ပွင့်များ ထည့်ပါ။

၅။       အရသာများထည့်ပြီး ရေကို လိုအပ်သလို ထည့်ပါ။

၆။       အရသာမှာ ချို၊ စပ် အရသာရပြီ၊ ပုစွန်ခြောက်နံ့ သင်းနေပြီဆိုလျှင် တရုတ်နံနံ ၈ ရွက်ကို ခြွေထည့်ပါ။

၇။       အနံ့အရသာ ပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments