ကောက်ညှင်းဖက်ထုပ်ကင် (Grilled Glutinous Rice with Dried Shrimps) Pulut Panggang

by Sofia for Food Magazine

          အနံ့အရသာနဲ့ပြည့်စုံတဲ့ ကောက်ညှင်းဖက်ထုပ်ကင်လေးကို မလေးရှား၊ စင်ကာပူမှတော့ ညဘက်ဈေးအတော်များများမှာ တွေ့နိုင်ပါတယ်။ သင်းပျံ့တဲ့ အုန်းသီးရနံ့၊ ပုစွန်ခြောက်ရနံ့တို့ ပေါင်းစပ်ကာ ငှက်ပျောဖက်ဖြင့်ထုပ်ပြီး မီးကင်ထားသည်ကို စားဖူးသူတိုင်း နှစ်သက်ကြမှာ အမှန်ပင်ဖြစ်ပါတယ်။ ပြုလုပ်ရလည်း လွယ်ကူလို့ လုပ်စားကြည့်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ

ကောက်ညှင်းဆန် – ၂ ခွက် (ပေါင်းအိုးဆန်ခြင်ခွက်)

အုန်းနို့  – ၂ ခွက်

ဆား –  အနည်းငယ်

ဆွမ်းမွှေးရွက်  – ၂ ပင် (Optional)

ပုစွန်ခြောက်မှုန့်  –  ၁ ပန်းကန် (Ready Made Prawn Floss)

ငှက်ပျောဖက်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ကောက်ညှင်းကို ၄ နာရီခန့် ရေစိမ်ထားပါ။

၂။       ရေစိမ်ထားပြီးသော ကောက်ညှင်းကို ရေဆေးပြီး ပေါင်းအိုးထဲထည့်ပါ။ ဆားနှင့် အုန်းနို့ ၂ ခွက် ထည့်ပါ။ ဆွမ်းမွှေးရွက်ကိုထုံးပြီး ထည့်ကာ (အလွယ်တကူမရနိုင်ပါက မထည့်လည်းရပါတယ်။) ခလုတ်နှိပ်ပြီး ချက်ပါ။

၃။       လိုအပ်ပါက ရေအနည်းငယ်ဖျန်းပေးပြီး ကောက်ညှင်းနပ်သည်အထိ ချက်ပါ။

၎။       မချက်ဘဲ ပေါင်းထားသော ကောက်ညှင်းကိုလည်း သုံးနိုင်ပါတယ်။ ပေါင်းပြီးသား ကောက်ညှင်းကို အိုးတစ်အိုးထဲ အုန်းနို့နှင့်ဆားထည့်ပြီး သမအောင်မွှေပေးပါ။

၅။       ချက်ပြီးသား ကောက်ညှင်းကို အအေးခံထားပါ။ ငှက်ပျောဖက်ကို မီးပြ သို့မဟုတ် ရေနွေးဖြင့်ဖျောပြီး သန့်စင်ထားပါ။

၆။       အားလုံးအသင့်ဖြစ်ပါက ငှက်ပျောဖက်ကိုခင်းပြီး ကောက်ညှင်းကို အလယ်မှာ ဖြန့်ထည့်ပါ။

၇။       ကောက်ညှင်းအလယ်မှာ ပုစွန်မှုန့်အရောကိုထည့်ပြီး ဆူရှီလိပ်သည့်နည်းအတိုင်း လိပ်ကာ  ဘေးနှစ်ဖက်ကို လုံအောင် သွားကြားထိုးတံဖြင့် ထိုးပြီး ပိတ်ပေးပါ။

၈။       အားလုံးပြီးသွားပါက ကောက်ညှင်းထုပ်လေးများကို မီးကင်ပြီး ပူပူနွေးနွေး  ငှက်ပျောဖက်မီးကင်နံ့ သင်းသင်းဖြင့် တည်ခင်းသုံးဆောင်နိုင်ပါပြီ။

*  မီးကင်ရန် မီးသွေးမီး၊ အကင်စက်၊ ဒယ်အိုးကို အပူပေးခြင်းစသည့်နည်းကို အသုံးပြုနိုင်ပါတယ်။

*  ပုစွန်မှုန့်အစား နှစ်သက်ရာအသားမှုန့်ကို အသုံးပြုနိုင်ပြီး စူပါမားကက်များမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ (Prawn Floss, Chicken Floss…)

* Prawn Floss ကို အိမ်မှာ ပြုလုပ်လိုပါက ပုစွန်ခြောက်ကောင်းကောင်း ကြိတ်ထားပြီးသားကို ကြက်သွန် ကြော်ကြိတ်ထားသည်နှင့် ငရုတ်သီးမှုန့်၊ ဆား၊ အရသာမှုန့်တို့ထည့်ပြီး မီးအေးအေးဖြင့် အဆက်မပြတ်လှော်ပေးပါ။ အအေးခံကာ လေလုံသော ပုလင်းထဲထည့်ပြီး သိမ်းဆည်းထားနိုင်တယ်။

*  အသားမွလှော်ကို အသားပြုတ်ပြီး ထိုနည်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

Facebook Comments