အုန်းရည် အုန်းနို့ ကျောက်ကျော သာကူ ဆန်းဝှေ့ (Spicy Squid with Tomato)

by Syi Lwin (Foodsgarden) for Food Magazine

          သင်္ကြန်နဲ့ သာကူ ကျောက်ကျောကတော့ အတွဲညီညီ တွဲလို့ရတဲ့ အချိုပွဲလေးပါ။ ကျောက်ကျောနှင့်သာကူကို အတူပေါင်းပြီး ဆန်းဝှေ့ပုံစံလေး အဆန်းထွင်ထားပါတယ်။ နှစ်မျိုးစလုံးကို တစ်ကိုက်တည်း ရေကစားပြန်လာသူတွေကို အဆာပြေကျွေးတဲ့အခါ လန်းဆန်း ပျော်ရွှင်စေမယ့် အချိုပွဲပါ။  လုပ်စားကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ

ကျောက်ကျောလုပ်ရန်

ကျောက်ကျော  –  ၁ ထုပ် (တယ်လီဖုန်းပုံ ကျောက်ကျော)

ရိုးရိုးသကြားဖြူ  –  စားပွဲဇွန်း ၅ ဇွန်းခွဲ (မုန့်လုပ်ရန် တိုင်းသောခွက်)

အုန်းသီးစိမ်းရည်  –  ၁ ခွက်ခွဲ (လတ်ဆတ်သော အုန်းသီးခွဲ၍ရသော အရည်)

အုန်းနို့ရည်  –   ခွက်တစ်ဝက်

သာကူလုပ်ရန် ပါဝင်ပစ္စည်းများ

သာကူ  –  ခွက်တစ်ဝက် (မုန့်လုပ်ရန် တိုင်းသောခွက်၊ ရေစိမ်ထားပါ)

ဂျယ်လီမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ရေနွေးလေးဖြင့် ဖျော်ထားပါ)

ရိုးရိုးသကြားဖြူ –  စားပွဲဇွန်း ၁ ဇွန်း

အုန်းစိမ်းရည်  –  ၁ ခွက် (မုန့်လုပ်ရန် တိုင်းသောခွက်)

အုန်းသီးဖတ်  –  ခွက်တစ်ဝက်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       မကပ်သော ဇောက်နက်အိုးထဲ အုန်းသီးစိမ်းရည်နှင့် အုန်းနို့ရည်ကို ထည့်ပြီး မီးအနေတော်ဖြင့် တည်ပါ။ အရည်များပူပြီး ပွက်လာလျှင် ကျောက်ကျော (ရေအနည်းငယ်ဖြင့် ဖျော်ထားပါ)၊ သကြားတို့ကို ထည့်ပြီး သကြားအရည်ပျော်သည်အထိ တည်ပါ။ အဆက်မပြတ် မွှေပေးပါ။ ပွက်ပွက်ဆူလာလျှင် မီးဖိုပေါ်မှချပြီး ကျောက်ကျောဗန်း ၂ ဗန်းထဲ ကျောက်ကျောရည် တစ်ဝက်စီ အညီအမျှ လောင်းထည့်ပါ။ ပြီးလျှင် ရေခဲသေတ္တာထဲ အအေးခံထားပါ။

၂။       မကပ်သော ဇောက်နက်အိုးထဲ သာကူကျိုရန် အုန်းစိမ်းရည်ကို အနည်းငယ် ဆူလာသည်အထိ တည်ပါ။ ပြီးလျှင် သာကူနှင့် သကြားထည့်ပြီး ကျိုပါ။ သာကူနူးခါနီးလျှင် အုန်းသီးဖတ်နှင့် ဂျယ်လီများ ထည့်ပြီး သေချာမွှေပါ။

          ပြီးလျှင် ရေခဲသေတ္တာထဲ အအေးခံထားသော ကျောက်ကျောဗန်းကို သာကူများပေါ်လောင်းချပြီး သာကူအပေါ်ကို နောက်တစ်ဗန်းမှ ကျောက်ကျောကို တင်လိုက်ပါ။ ပြီးလျှင် ရေခဲသေတ္တာထဲ ၃၀ မိနစ်ခန့် အအေးခံထားပြီးလျှင် လေးထောင့် တစ်ခါကိုက် အတုံးလေးများတုံးပြီး သုံးဆောင်နိုင်ပါတယ်။ အအေးကြိုက်သူများအတွက် စားခါနီးမှ ရေခဲ သေတ္တာထဲက ထုတ်စားပါ။

www.facebook.com/Syi Foodsgarden

Facebook Comments