အုန်းမှန်ကူ (Coconut Candy)

by Sofia for Food Magazine

          အုန်းမှန်ကူကို ငယ်စဉ်ကလေးဘဝ ကျောင်းမုန့်ဈေးတန်းတွေမှာ ရောင်းတာကို ဝယ်စားဖူးကြမယ်လို့ ထင်ပါတယ်။ အခြားအိမ်နီးချင်းနိုင်ငံများမှာလည်း ပုံစံအမျိုးမျိုး ပြုလုပ်ပြီး အချိုပွဲအဖြစ် တည်ခင်းကြတာ တွေ့ရပါတယ်။

          မိမိအိမ်မှာ ထမင်းစားပြီး အချိုတည်းစရာအဖြစ် ပြုလုပ်နိုင်သလို ဆေးသကြားကင်းတဲ့ အချိုမုန့်ကို သားငယ်၊ သမီးငယ်တို့အတွက် ပြုလုပ်ပေးနိုင်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

အုန်းသီး  –  ၃၀ဝ ဂရမ်

သကြား  –  ၄၀ဝ ဂရမ်

ပြုလုပ်နည်း

၁။       အုန်းသီးကို အပြင်အမည်းများ လှီးထုတ်ပြီး အမျှင်ခြစ်ထားပါ။ (ဒီမှာတော့ ခြစ်ပြီးသား ဝယ်ပြီး ပြုလုပ်လို့ အမျှင်မရပါ။)

၂။       ခြစ်ပြီးသား အုန်းသီးကို မီးအေးအေးဖြင့် အရောင်မပြောင်းအောင် လှော်ပါ။

၃။       အုန်းသီးအတော်လေးခြောက်လာပါက သကြားထည့်ပြီး အဆက်မပြတ်မွှေပါ။

၎။       သကြားများ အရည်ပျော်ပြီး ခြောက်လာသည်အထိ မွှေပါ။

၅။       ခြောက်ပြီး ခဲလာပါက ဆီလူးထားသောဗန်းထဲ ဖိထည့်ပြီး အအေးခံထားပါ။

၆။       အတော်အသင့်အေးပါက လိုသလို လှီးဖြတ်ကာ ဗန်းထဲ ဖြန့်ထားပြီး လေသလပ်အောင် အခြောက်ခံထားပါ။

၇။       အားလုံးခြောက်ပြီး မာခဲလာပါက လေလုံသော ဘူးထဲ ထည့်ပြီး သိမ်းဆည်းကာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

*        နှစ်သက်ရာအရောင်ထည့်ပြီးလည်း ပြုလုပ်နိုင်ပါတယ်။

*        အအေးခံထားစဉ် မာသွားသည်အထိ မစောင့်ဘဲ လှီးဖြတ်ပြီးမှသာ လေသလပ်အောင် ထားပြီး အခြောက်ခံပါ။

Facebook Comments