အုန်းထမင်းဘာဂါ (Nasi Lemak Burger)

by Sofia for Food Magazine

          မလေးရှားအုန်းထမင်းနဲ့ လုပ်ထားတဲ့ ဘာဂါလေးဖြစ်ပါတယ်။ ထမင်းအစား ပေါင်မုန့်ကိုလည်း အစားထိုးပြုလုပ်နိုင်ပြီး ကျန်ပါဝင်ပစ္စည်းများအားလုံးကိုတော့ အုန်းထမင်းရဲ့ တွဲဖက်ပစ္စည်းနဲ့ အရသာများကိုသာ အသုံးပြုကာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

အုန်းထမင်း/ပေါင်မုန့်  –  တစ်ပန်းကန်/တစ်လုံး

မြေပဲဆန်ကြော်  –  စားပွဲဇွန်း ၁ ဇွန်း

ငါးနီတူခြောက်ကြော် (Ikan Bills)  –  ၁ ဇွန်း

Sambal Chilli Sauce  –  ၁ ဇွန်း

သခွားသီးစိတ်  –  ၃ စိတ်

ကြက်ဥကြော်  –  ၁ လုံး

ကြက်ကြော်  –  ၁ စိတ်

ဆလတ်ရွက်  –  အနည်းငယ်

ပြင်ဆင်ပြုလုပ်ပုံ

၁။       အုန်းထမင်းကို အသုံးပြုရန် အသင့်ချက်ထားသော အုန်းထမင်းကို ပုံစံဖြင့်ပြုလုပ်ပြီး အောက်ခံ အဖြစ်ထားပါ။

၂။       အလယ်မှာ ကြက်ကြော်၊ ကြက်ဥကြော်၊ သခွားသီးနှင့ှ်ောဘေူ ဆော့စ်အနည်းငယ် ထည့်ပေးပါ။

၃။       အပေါ်မှ အရွယ်တူပြုလုပ်ထားသော အုန်းထမင်းတစ်ထပ်ကို တင်ပေးပြီး နှမ်း အနည်းငယ်ဖြူးပေးကာ ဆလတ်ရွက်၊ မြေပဲနှင့် ဆော့စ်ဖြင့် တွဲဖက်တည်ခင်းနိုင်ပါပြီ။

*   ပေါင်မုန့်ဖြင့် ပြုလုပ်ရန် အုန်းထမင်းအစား ပေါင်မုန့်ကို အစားထိုးပြုလုပ်ပါ။

Facebook Comments