အိမ်လုပ် စတော်ဘယ်ရီယို (Homemade Strawberry Jam)

by Syi Lwin Foods Garden for Food Magazine

          အိမ်မှာလုပ်တဲ့ စတော်ဘယ်ရီယိုရဲ့  အားသာချက်က ကိုယ့်စိတ်ကြိုက် သကြားအချိုထိန်းချုပ်နိုင်သလို ကြာရှည်ခံဆေးလည်း ထည့်စရာမလိုဘဲ စတော်ဘယ်ရီသီးကိုပဲ အဓိကအရသာထားပြီး ပြုလုပ်လို့ရပါတယ်။ လေလုံဖန်ဇလုံထဲ သေချာထည့်ပြီး ရေခဲသေတ္တာထဲမှာ ကြာကြာထားလို့ ခံပါတယ်။

ပါဝင်ပစ္စည်းများ

စတော်ဘယ်ရီသီး  –  ၁ ခွက် (အတုံးလေးများ လှီးထားပါ)

သကြားဖြူ  –  ၁/၃ ခွက်

သစ်ကြံပိုးခေါက်  –  ၁ ခေါက်

သံပရာ  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

ပြုလုပ်နည်း

၁။       အိုးထဲ စတော်ဘယ်ရီသီး၊ သကြား၊ သစ်ကြံပိုးခေါက် ထည့်ပြီး မီးမျှင်မျှင်လေးဖြင့် တည်ပါ။

၂။       ပြီးလျှင် သံပရာရည်ထည့်ပြီး မီးမျှင်မျှင်ဖြင့် ဆက်၍တည်ပါ။

၃။       သကြားပျော်ပြီး စတော်ဘယ်ရီများ ပျော့ဖတ်နူးညံ့လျှင် အနည်းငယ် ထပ်ခြေပေးပါ။ မီးမျှင်မျှင်ဖြင့် ဆက်၍တည်ပါ။ အိုးမကပ်အောင် မွှေပေးပါ။

၎။       ၁၀ မိနစ်ခန့် တည်ပြီးလျှင် ပျစ်ပြီး အမြီးတန်းလာလျှင် မီးဖိုပေါ်မှ ချထားပါ။

၅။       ပိုးသတ်ထားသော ဖန်ပုလင်းထဲ စတော်ဘယ်ရီယိုများ ထည့်ပြီး လုံးဝအေးသည်အထိ ထားပါ။ အဖုံးလုံအောင် ဖုံး၍ ကြာရှည်ခံအောင် ဇွန်းအသန့်နှင့် ခပ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါ။

Facebook Comments