အာလူးအမျှင်ကြွပ်ကြော်

by အံ့ဝင့်ထွဋ် (MRTV-4) for Food Magazine

ပါဝင်ပစ္စည်းများ

အာလူး  –  ၂ လုံး

ကြက်သွန်မြိတ်  –  အနည်းငယ်

ကြက်သွန်နီ  –  ၁ လုံး

နံနံပင်  –  အနည်းငယ်

Tempura Flour  –  စားပွဲဇွန်း ၃ ဇွန်း

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

တွဲစားရန် Sauce

ပြုလုပ်နည်း

၁။       အာလူးကို အခွံနွှာပြီး အမျှင်များအဖြစ် ခြစ်ထားပါ။ ပြီးလျှင် ကြက်သွန်မြိတ် (နုပ်နုပ်စဉ်း)၊ ကြက်သွန်နီ (နုပ်နုပ်စဉ်း)၊ ဆား၊ ငရုတ်ကောင်းတို့ဖြင့် ရောနယ်ပြီး အနေတော်ပုံစံများ ဖော်ထားပါ။

၂။       Tempura Flour ကို ရေဖြင့် အနေတော်အနေအထားရအောင် ဖျော်ထားပါ။

၃။       အားလုံးစုံပြီဆိုလျှင် နယ်ထားတဲ့အာလူးကို မုန့်နှစ်မှာ နှစ်ပြီး ဆီပူပူထဲမှာ ကြော်ပါ။

၎။       အာလူးကျက်ပြီး ကြွပ်ပြီဆိုလျှင် ဆီစစ်ပြီး ကြိုက်နှစ်သက်ရာ Sauce ဖြင့် တွဲပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments