အာလူးပူတင်း (Potato Pudding)

        ကလေးလူကြီး အရွယ်မရွေး အားလုံးကြိုက်ကြတဲ့ သရေစာအချိုပွဲလေးဖြစ်ပါတယ်။ အမြဲ ကြက်ဥပူတင်းပဲလုပ်စားဖြစ်တာများလို့ ဒီတစ်ခါတော့ အနံ့အရသာတစ်မျိုးထူးခြားပြီး အာဟာရလည်းဖြစ်စေမဲ့  အာလူးပူတင်းလေးကို လုပ်စားကြည့်ရအောင်နော်။

►    လိုအပ်သောပစ္စည်းများ
♦    အာလူး     –     တစ်ကီလို
♦    သကြား     –     ၄ဝဝ ဂရမ်
♦    ဂျုံ     –     ၁၂ဝ ဂရမ်
♦    နွားနို့     –     တစ်လီတာ
♦    ကြက်ဥ     –     ခြောက်လုံး
♦    ထောပတ်     –     ၂၅ဝ ဂရမ်
♦    ဗီနီလာအနံ့     –     လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦    Almond အနံ့     –     လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦    ဆား     –     လက်ဖက်ရည်ဇွန်း ၁ ဇွန်း

►   ပြုလုပ်နည်းအဆင့်ဆင့်
၁။    ဦးစွာ အာလူးကိုရေဆေးသန့်စင်ပြီး နူးနေအောင်ပြုတ်ပါ။
၂။    ပြုတ်ပြီးသားအာလူးကို အခွံနွှာပြီး ခြေပေးပါ။ နွားနို့ထည့်၍ခြေပါ။ စက်ဖြင့်လည်း ကြိတ်လို့ရပါတယ်။ ပြီးလျှင် ဇလုံတစ်ခုတွင်ထည့်ထားပါ။
၃။    ကြက်ဥ၊ ဂျုံ၊ သကြားတို့ကိုလည်း စက်ဖြင့်ကြိတ်ပါ။
၎။    အာလူးထည့်ရောပါ။ ကြက်ဥအရော၊ Vanilla နှင့် Almond Essence ၊ ဆားတို့ထည့်ပြီး သမအောင် မွှေပေးပါ။
၅။    ထောပတ်ကို အရည်ပျော်အောင်လုပ်ပြီး ထည့်မွှေပေးပါ။
၆။    ဆန်ခါတစ်ခုဖြင့် မုန့်နှစ်ရည်ကိုစစ်ချပြီး အတွင်းမှအလုံးအခဲများရှိက ဖယ်ထုတ်ပေးပါ။
၇။    ဆီသုတ်ထားသော မုန့်ဖုတ်မည့်ဘန်းတွင် စစ်ပြီးသားမုန့်နှစ်ရည်ကိုထည့်ပြီး Oven အပူချိန် ၂ဝဝ ဒီကရီဖြင့် ၄၅ မိနစ်ခန့် မျက်နှာပြင်အရောင်ရသည်ထိဖုတ်ပါ။ Oven အဆင့်ရှိပါက အလယ်ဆင့်သုံးပါ။
၈။    မုန့်နှစ်ကျက်မကျက်ကြည့်ပြီး ထုတ်ယူကာ အအေးခံကာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။
မှတ်ချက်  –  ပူတင်းသားဖြစ်သောကြောင့် ရေခဲသေတ္တာတွင် လေးနာရီခန့်အအေးခံထားပြီး လုံးဝအေးမှသာလျှင် အတုံးလှလှလေး လှီးဖြတ်လို့ရမှာဖြစ်ပါတယ်။

Facebook Comments