အာလူးနှင့် ပဲကြာဆံသုပ်

ဒီဟင်းလျာကတော့ အရသာရှိပြီး ရိုးရှင်းလွယ်ကူတဲ့ ဟင်းလျာပဲဖြစ်ပါတယ်။

Facebook Comments

By အံ့၀◌င့်ထွဋ် (MRTV - 4) for Food Magazine

ပါ၀င္ပစၥည္းမ်ား

အာလူး-  ၂ဝဝ ဂရမ်

ပဲကြာဆံ-  ၅၀ ဂရမ်

ကြက်သွန်ဖြူဆီချက်-  စားပွဲဇွန်း ၂ ဇွန်း

ကြက်သွန်နီ-  ၂ လုံး

ရှောက်ရွက်-  ၅ ရွက်

ကြက်သွန်မြိတ်-  အနည်းငယ်

ပုစွန်ခြောက်မှုန့်-  စားပွဲဇွန်း ၂ ဇွန်း

ဆား-  လိုအပ်သလို

ငံပြာရည်-  လိုအပ်သလို

သကြား-  လိုအပ်သလို

ငရုတ်ကောင်းမှုန့်-  လိုအပ်သလို

မြေပဲထောင်း-  စားပွဲဇွန်း ၂ ဇွန်း

နှမ်း-  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူကြော်-  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ကြက်သွန်နီကို ပါးပါးလှီးပါ။ ကြက်သွန်မြိတ်ကို အနေတော်လှီးပါ။ ရှောက်ရွက်ကို ပါးပါးလှီးပါ။ အာလူးကို အနေတော်လှီးဖြတ်ပါ။ ရှောက်ရွက်ထည့်ပြီး ကြက်သွန်နီ

ထည့်ပါ။ ပဲကြာဆံကို ရေထဲ ဆားအနည်းငယ်ထည့်ပြီး ရေနွေးဖြောပါ။ ရေနွေးဖြောထား

သော ပဲကြာဆံကို ရေအေးဖြင့် အအေးခံပြီးနောက် ဇလုံထဲ ထည့်ပါ။ ပြီးလျှင် မြေပဲ၊ ပုစွန်ခြောက်မှုန့်၊ ကြက်သွန်ဖြူကြော်၊ နှမ်း၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ သကြား၊ ငံပြာရည်နှင့် ကြက်သွန်ဖြူဆီချက်တို့ကို ထည့်၍ နယ်ပြီး သုပ်ပါ။ အနံ့၊ အရသာပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

Menu