
27 - November - 2017
by Myint Oo Tha for Food Magazine
နောက်ထပ် မိတ်ဆက်ပေးချင်တာက ဆေးဖက်ဝင် ကချင်အစားအစာတစ်မျိုးပါ။ သဘာဝကပေးထားတဲ့ အာနန်း(သို့) လုံးပွေရွက်ပါ။ အာနန်းရွက်က ဖျားနာသူများ စွပ်ပြုတ်ထဲ ထည့်ပြီးသောက်ရင် အဖျားကျတယ်လို့သိရပါတယ်။ မြန်မာမြင်းခွာရွက် သုပ်သလို သုပ်စားနိုင်ပါတယ်။ အခုပြောပြမယ့်နည်းကတော့ လုံးဝဆီထည့်စရာမလိုတဲ့ ကချင်လုံးပွေရွက်သုပ်ပါ။
ပါဝင်ပစ္စည်းများ
အာနန်း (သို့) လုံးပွေရွက် – ၁ စည်း (ြွေခပြီး ရေဆေးထားပါ)
ကြက်သွန်နီ – ၃ ဥ (ပါးပါးလှီးပြီး ရေဆေးထားပါ)
ကြက်သွန်ဖြူ – အမြွှာကြီး ၃ မြွှာ
ခရမ်းချဉ်သီး – ၃ လုံး (ပါးပါးလှီးထားပါ)
ငရုတ်သီးစိမ်း (ကျောက်စိမ်းသီး) – ၁၂ တောင့်
ဆား – လက်ဖက်ရည်ဇွန်း ၃ ပုံ ၂ ပုံ
သံပရာသီး – ၂ လုံး
ပြုလုပ်နည်းအဆင့်ဆင့်
၁။ အာနန်းရွက်ကို ခြွေပြီး ရေဆေးထားပါ။
၂။ ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို ထောင်းထားပါ။
၃။ ပြီးလျှင် အသုပ်သုပ်မည့် ဇလုံကြီးထဲ ဆေးထားသော အာနန်းရွက်ထည့်ပါ။ ပြီးလျှင် ထောင်းထားသော ကြက်သွန်ဖြူငရုတ်သီးထောင်း၊ ခရမ်းချဉ်သီး၊ ဆား၊ ကြက်သွန်နီနှင့် သံပရာရည်ညှစ်ပြီး နယ်ပါ။
၎။ ချဉ်ချဉ်စပ်စပ် ပူရှိမ်းရှိမ်းအရသာရှိသော အာနန်းသုပ်လေးရပါပြီ။