အသီးအရွက်စုံဟင်းရည်

by Ko Thit Htoo for Food Magazine

          ဒီအသီးအရွက်စုံဟင်းရည်ကို တိုင်းရင်းသားချက်နည်းတစ်မျိုးကို နည်းယူပြီး ချက်ပြုတ်ထားတာဖြစ်ပါတယ်။ ချက်နည်းမှာ ဖော်ပြထားတဲ့ ဟင်းသီးဟင်းရွက်များတင်မက မိမိနှစ်သက်ရာများပေါင်းစပ်ပြီး ချက်ပြုတ်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ပဲပုပ်  –  ထမင်းစားဇွန်း ၂ ဇွန်း (ကင်ပြီး ထောင်းပြီးသား)

ကြက်သွန်ဖြူ  –  ၄ မြွှာ

ငရုတ်သီးစိမ်းအနီ  –  ၄ တောင့်

ဆား  –  အနည်းငယ်

ခရမ်းကစော့သီး  –  အလုံး ၂၀

ဖရုံညွန့်  –  ပန်းကန်လုံး ၁ လုံး

ဆူးပုပ်  –  ပန်းကန်လုံး ၁/၂ လုံး

ပြုလုပ်နည်း

၁။       ကြက်သွန်ဖြူနဲ့ ငရုတ်သီးတို့ကို မီးပြင်းပြင်းနဲ့ မွှေးလာအောင် လှော်ပေးပြီး ညက်အောင် ထောင်းထားပါ။

၂။       ရေ ၅၀ဝ မီလီလီတာကို ဆူအောင်တည်ပြီး ထောင်းထားသော အဆာများနဲ့ ပဲပုပ်မှုန့်များ ထည့်ပေးပါ။ ခရမ်းကစော့သီးများနဲ့ ဖရုံညွန့်များထည့်ပြီး တည်ပါ။ ဆားခတ်ပြီး အရသာမြည်းပါ။ နောက်ဆုံး ဆူးပုပ်ထည့်ပြီး ချက်ပြုတ်ခြင်းကို အဆုံးသတ်နိုင်ပါပြီ။

www.facebook.com/MY FOODIES (mm)

Facebook Comments