အသီးစုံ ရေခဲချောင်း (၁၀ ချောင်း +) (Fruity Ice Popsicle)

by Syi Lwin Foods Garden for Food Magazine

          ပူအိုက်သော ရာသီမှာ အသီးအနှံများဖြင့် ပြုလုပ်ထားတဲ့ အိမ်လုပ် ရေခဲချောင်းတစ်ချောင်းရဲ့  အရသာက ရင်ကိုအေးမြ ချိုစိမ့်လို့ သွားစေပါတယ်။ လုပ်စားကြည့်နော် …။

ပါဝင်ပစ္စည်းများ (ကြိုက်နှစ်သက်ရာ အသီး ၃ မျိုး ရွေးပါ)

ကီဝီသီး  –  ၂ လုံး (အခွံနွှာပြီး ပါးပါးလှီးထားပါ) (အခြားအသီးကို အစားထိုးလည်း ရပါတယ်)

စတော်ဘယ်ရီသီး  –  ၁ ခွက် (မုန့်လုပ်ရန် တိုင်းသောခွက်)

ပင်မှည့်သီးအဝါရောင်  –  ၅ လုံး (ထက်ခြမ်းခြမ်းပြီး အနှစ်များ ပန်းကန်ထဲ ကော်ထုတ်ထားပါ)

တယ်သီး         –         ၃ လုံး (အခွံနွှာပြီး ပါးပါးလှီးထားပါ) (သရက်သီးအမှည့် အစားထိုးလို့ရပါတယ်)

စပျစ်သီး အစိမ်း  –  ၁၅ ကျပ်သား (အလုံးများြွေခထားပါ)

စပျစ်သီး အမည်း  –  ၁၅ ကျပ်သား (အလုံးများြွေခထားပါ)

အုန်းစိမ်းရည်  –  ၅ ခွက်

ပန်းသီးဖျော်ရည်  –  ၂၅၀ မီလီလီတာ

အုန်းသီးဖတ်  –  စားပွဲဇွန်း ၃ ဇွန်း  (လတ်လတ်ဆတ်ဆတ်ခြစ်ယူထားသော)

သကြားဖြူ  –  စားပွဲဇွန်း  ၃ – ၄ ဇွန်း

ဂျယ်လတန်မှုန့်  –  လက်ဖက်ရည်ဇွန်း ၃ ၁/၂ ဇွန်း

(gelatine powder)

ပြုလုပ်နည်း

၁။       ရေခဲချောင်းခွက်ထဲ ကြိုက်နှစ်သက်ရာ အသီး ၃ မျိုးကို ခပ်ပါးပါးလှီးပြီး ရေခဲချောင်းခွက်ထဲ ထည့်ပါ။

၂။       အုန်းစိမ်းရည် (သို့) ပန်းသီးဖျော်ရည်ထဲ ရေနွေး စားပွဲဇွန်း ၁  ၁/၂ ဇွန်းဖြင့် ဖျော်ထားသော ဂျယ်လတန် မှုန့်များ ထည့်ဖျော်ပါ။

၃။       စိတ်ကြိုက်အသီးများ ထည့်ထားသော ရေခဲခွက်ထဲ အုန်းစိမ်းရည် (သို့) ပန်းသီးဖျော်ရည်များ ရေခဲခွက် မပြည့်တပြည့် လောင်းထည့်ပါ။ ပြီးလျှင် တုတ်တံလေးများ ထိုး၍ ရေခဲသေတ္တာ ရေခဲအကန့်ထဲ ၆-၈ နာရီခန့် ထည့်ပြီးခဲထားပါ။

Facebook Comments