အသားပုစွန်ချဉ်စပ်အပြုတ်ဟင်း

by Ko Thit Htoo for Food Magazine

          မုန့်တီလုပ်ရာကနေ ဆက်စပ်ပြီး မုန့်ဖတ်နဲ့တွဲစားလို့ကောင်းတဲ့ ဟင်းချက်နည်းတစ်မျိုးကိုလည်း ချက်ပြုတ်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်၊ ဝက် (နှစ်မျိုး)  –  ၁၅ ကျပ်သား (သေးသေးလှီးထားပါ)

ပုစွန် (အလတ်ဆိုက်)  –  ၅ ကောင် (အခွံနွှာပြီး သန့်စင်ထားပါ)

ငရုတ်သီးအရောင်တင်မှုန့်  –  ကော်ဖီဇွန်း ၁/၂ ဇွန်း

ခရမ်းချဉ်သီးအနှစ်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ  –  ၃ မြွှာ (ဓားပြားရိုက်ပြီး)

ကြက်သွန်နီ  –  ၁ လုံး (ပါးပါးလှီးပြီး)

စပါးလင်  –  ၁ ချောင်း (ပါးပါးလှီးပြီး)

ဆီ  –  အနည်းငယ်

သကြားညို  –  ကော်ဖီဇွန်း ၁/၂ ဇွန်း

ငံပြာရည်  –  ထမင်းစားဇွန်း ၁ ဇွန်း

သံပရာရည်  –  ထမင်းစားဇွန်း ၂ ဇွန်း

နို့စိမ်း  –  ၅၀ မီလီလီတာ

ပြုလုပ်နည်း

၁။       ငရုတ်သီးအရောင်တင်မှုန့်ကို ရေအနည်းငယ်နှင့် ဖျော်ပြီး ကြက်သွန်ဖြူ/နီ၊ စပါးလင်တို့နှင့်အတူ ဆီအနည်းငယ်နှင့် ဆီသတ်ပါ။ အသားများထည့်မွှေပေးပြီး ရေမြုပ်ရုံထည့်၍ တည်ထားပါ။

၂။       အသားများမာလာလျှင် ခရမ်းချဉ်သီးအနှစ် ထည့်မွှေပါ။ ရေနည်းလျှင် ရေထည့် ပြီး ပုစွန်များ ထည့်ပါ။

၃။       နို့စိမ်းမှလွဲ၍ ကျန်ပါဝင်ပစ္စည်းများ ထည့်တည်ပေးပြီး ဆူအောင် တည်ပါ။ ရေလိုလျှင် ရေမြုပ်ရုံထည့်တည်ပေးပြီး ဆူအောင်ထားပါ။

၎။       နောက်ဆုံး နို့စိမ်းထည့်ပြီး ချက်ပြုတ်ခြင်း အဆုံးသတ်နိုင်ပါပြီ။

Facebook Comments