အသားဆီစိမ်

by Sofia for Food Magazine

          ဆိတ်သားနှင့် အမဲသားတို့ကို တာရှည်အထားခံဖို့အတွက် ဆီစိမ်ပြုလုပ်ပြီး သိမ်းထားလေ့ရှိပါတယ်။ ဆီစိမ်အသားကိုတော့ အတုံးကြီးကြီး ပြုလုပ်ထားပြီး ဟင်းအဖြစ် ပြန်ချက်စားနိုင်သလို ထမင်းဖြူလေးကို ဆီဆမ်း၊ ဆားဖြူးပြီး အသားဆီစိမ်လေးနှင့် တွဲဖက်စားနိုင်ပါတယ်။ အဝေးရောက်နေသူများအတွက်လည်း အလွယ်တကူ စားလို့ရအောင် ပြင်ဆင်ထည့်ပေးနိုင်လို့ လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ဆိတ်သား (သို့) အမဲသား  –  ၂ ကီလို

ဆား  –  စားပွဲဇွန်း ၁ ဇွန်း

ချင်း  –  ၁ တက်

ဟင်းခတ်မှုန့်  –  အနည်းငယ် (optional)

ဆီ  –  လိုသလောက်

ပြုလုပ်နည်း

၁။       အကြောမပါသော ဆိတ်သား (သို့) အမဲသားနုနုကို အတုံးကြီးကြီးတုံး၍ ရေဆေးသန့်စင်ပြီး ရေစစ်ထားပါ။

၂။       ရေစစ်ပါက ဆား၊ ဟင်းခတ်မှုန့်နှင့် ချင်း ပါးပါးလှီးထားသည်ကို ထည့်၍ သမအောင် နယ်ပြီး  ၁ နာရီခန့် နှပ်ထားပါ။

၃။       ပြီးလျှင် အိုးတစ်အိုးထဲ ထည့်ပြီး မီးဖိုပေါ်မှာတည်ပါ။ (ရေမထည့်ပါ) အသားမှ ထွက်လာသောရေကို ခန်းအောင် တည်ပေးပြီး ဆီထည့်ကာ မီးအေးအေးဖြင့် နီရောင်သန်းလာ သည်အထိ ကြော်ပါ။

၎။       နီရောင်သန်းလာပါက မီးပိတ်၍ အအေးခံကာ ပုလင်း (သို့) ဘူးထဲ ဆီမြုပ်အောင် ထည့်ပြီး သိမ်းဆည်းထားနိုင်ပါပြီ။

၅။       ဆီစိမ်အသားကို ၂ ပတ်လျှင် တစ်ကြိမ်ခန့် ထုတ်ပြီး အပူပြန်ပေး၍ အအေးခံ သိမ်းဆည်းထားပါ။

*        အဝေးသို့ သယ်ဆောင်သွားလိုပါက ဆီမထည့်ဘဲ  ယူသွားပြီး  ဆီကို သီးသန့်ချက်၍ အသားကို စိမ်ထားပေးနိုင်ပါတယ်။

Facebook Comments