အမဲအူကြမ်းနှင့် အမဲအူပြုတ်စွပ်ပြုတ် (Beef Maguru and Intestine Soup)

by Syi Lwin for Food Magazine

နေထိုင်မကောင်းလို့ နွမ်းလျအားနည်းသလို ခံစားနေရရင် အမြဲလုပ်စားဖြစ်တဲ့  စွပ်ပြုတ်ပါ။ မိုးရာသီမှာ မိုးမိလို့ နှာစေးပြီး အအေးမိ၊ ဖျားနာတဲ့အခါ ပူစပ်ပူရှိမ်းစွပ်ပြုတ်ကို သောက်ရင် ချွေးထွက်စေပြီး လူကို လန်းဆန်းသွားစေပါတယ်။ ငရုတ်သီးအစပ်နှင့် အခြားဟင်းခတ်အမွှေးအကြိုင်တွေ စုံလင်စွာပါပြီး ကျန်းမာရေးနှင့်လည်း ညီညွတ်တာ ကြောင့် ဖော်ပြလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

အမဲအူကြမ်း –  ၃၀ ကျပ်သား

အမဲပုဆိုးကြမ်း –  ၂၀ ကျပ်သား

အမဲအူ –  ၂၀ ကျပ်သား

ကြက်သွန်ဖြူ –  ၅ မြွှာ (အခွံနွှာပြီး ဓားပြားရိုက်ပါ)

ချင်း –  လက်တစ်ဆစ် (ဓားပြားရိုက်ပါ)

ဆား –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

နနွင်းမှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငံပြာရည် –  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်ကောင်း –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငရုတ်သီးစိမ်း –  ၅-၇  တောင့် (ထက်ခြမ်းခွဲပါ)

စပါးလင် –  ၂ ချောင်း  (ထု၍ ထုံးပြီး ထည့်ပါ)

သံပရာသီး –  ၁ လုံး (အရည်ဖျန်းစားရန်)

ရှောက်ရွက် –  ၂ ခက်

(ခပ်ပါးပါးမျှင်မျှင်လေး လှီးထားပါ။ စွပ်ပြုတ်အပေါ်မှာ ဖြူးစားရန်)

ပြုလုပ်နည်း

၁။       အိုးကြီးထဲ ပါဝင်ပစ္စည်းများအားလုံးထည့်၍ ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက် ဆူအောင် တည်ပါ။  ရေဆူလျှင် မီးမျှဉ်းမျှဉ်းလေးဖြင့် ၁ နာရီခန့် ရေခန်းတဲ့အထိ တည်ပါ။ အသားနူးအိအောင် ရေကို ဒုတိယအကြိမ် ၁ ခွက်ထပ်ထည့်ပြီး ရေဆူ အောင် တည်ပါ။

၂။       ရေဆူပြီး အနည်းငယ်ရေခန်းလျှင် စားမြည်းပါ။ လိုတာထပ်ဖြည့်ပြီး စားခါနီးမှ အတုံးသေးသေးတွေတုံး၍ သံပရာရည်နှင့် ရှောက်ရွက်ဖြူးပြီး လိုသလို သောက် သုံးနိုင်ပါပြီ။

Facebook Comments

Menu