အမဲအူစွပ်ပြုတ် (Chinese Beef Tripe Soup)

by Sofia for Food Magazine

          အမဲအူ (သို့) ဆိတ်အူစွပ်ပြုတ်ကို ဟင်းအဖြစ် တည်ခင်းနိုင်သလို အဆာပြေစာအဖြစ်လည်း စားသောက်လေ့ရှိကြပါတယ်။ များသောအားဖြင့် ဆောင်းတွင်းအခါ မြန်မာပြည်ပွဲဈေးတန်းတွေမှာ အများဆုံးရောင်းချလေ့ရှိကြပါတယ်။ ယခုချက်ထားတာလေးကတော့ တရုတ်ချက်နည်းပုံစံလေးဖြစ်ပါတယ်။ ချက် ကြည့်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ

အမဲအူ/ဆိတ်အူ  –  ၅၀ဝ ဂရမ်

အမဲသား/ဆိတ်သား  –  ၂၀ဝ ဂရမ်

ကြက်သွန်နီ  –  ၃ လုံး

ကြက်သွန်ဖြူ  –  ၁ လုံး

ချင်း  –  ၁ တက် (ကြီးကြီး)

ရှောက်ကော (တရုတ်မဆလာ)  –  ၃ လုံး

ဟွားကျောက် (ဇီချွမ်းငရုတ်ကောင်း)  –  စားပွဲဇွန်း ၁/၂ ဇွန်း

ဆား  –  ၁ ဇွန်း

ဟင်းခတ်မှုန့်  –  ၁ ဇွန်း

တွဲဖက်စားရန်

ကြက်သွန်မြိတ်

နံနံပင်

ငရုတ်သီးစိမ်း/ချင်း (နုပ်နုပ်စဉ်း)

ပြင်ဆင်ချက်ပြုတ်ပုံ

၁။       အမဲအူကို လိုသလိုလှီးဖြတ်ပြီး ရေဆေး၍ သန့်စင်ထားပါ။

၂။       အိုးတစ်အိုးထဲ ရေထည့်ပြီး ရေနွေးတစ်အိုး တည်ထားပါ။ ရေဆူပါက လှီးဖြတ်ထားသော အမဲအူနှင့် ချင်းတစ်ဝက်ကို ထုပြီး ထည့်ပြုတ်ပါ။

ဂဂ      ဆိတ်အူဖြင့် ချက်လိုပါက မန်ကျည်းမှည့်ဖြင့် နယ်ဆေးပြီး ရေနွေးဖျောစဉ် သစ်ကြံပိုး ခေါက်ထည့်ပြီး ပြုတ်ပါက အညှီနံ့သက်သာစေပါတယ်။

၃။       အမဲအူကို ရေဆူဆူမှာ ၅ မိနစ်ခန့် ပြုတ်ပြီးပါက ဆန်ခါတစ်ခုဖြင့် စစ်ချပြီး ရေပြန်ဆေး၍ စစ်ထားပါ။

၎။       ကြက်သွန်နီကို လေးစိတ်စိတ်ထားပါ။ ချင်းကိုလည်း ထုပြားထားပါ။ ကြက်သွန်ဖြူကို

အမြှောင်းလိုက် ထည့်နိုင်ပါတယ်။ ရှောက်ကောကို ထုထားပါ။

၅။       အားလုံးအဆင်သင့်ဖြစ်ပါက စွတ်ပြုတ်ချက်မည့်အိုးထဲ ရေစစ်ထားသော အမဲအူ၊

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းနှင့် ရှောက်ကောတို့ကို ထည့်ပါ။ ဆားထည့်ပြီး ရေမြုပ်အောင်ထည့်ပြီး တည်ပါ။

၆။       ဆူပွက်ပါက မီးနည်းနည်းလျှော့ထားပြီး တက်လာသော အညစ်အကြေးများကို ခပ်ထုတ်ပေးပါ။ (ဟင်းရည်ကြည်ရန်)

၇။       မီးအေးအေးဖြင့် အမဲအူများ နူးအိလာသည်အထိ တည်ပေးပြီး ဟင်းခတ်မှုန့်နှင့် ဟွားကျောက်ထည့်ကာ ဟင်းရည်အပျစ်အကျဲကို လိုသလိုဖန်တီးပြီး အရသာ အပေါ့ အငန်မြည်း၍ မီးပိတ်ထားပါ။

၈။       ကြက်သွန်မြိတ်၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ ချင်း သေးသေးစိတ်တို့ကို ထည့်ပြီး ပူပူစပ်စပ် မွှေးကြိုင်သော အမဲအူစွပ်ပြုတ်ကို တည်ခင်းနိုင်သလို ပုံစံတစ်မျိုးဖြင့် အသားလုံး၊ ငါးလုံး၊ ငုံးဥ၊ မုန်ညင်းစိမ်း၊ မုန်ညင်းဖြူတို့ကို ထည့်၍လည်း တည်ခင်းသုံးဆောင်နိုင်ပါတယ်။ အချဉ်နှစ်သက်ပါက သံပရာသီးထည့်ပြီး သုံးဆောင်နိုင်ပါတယ်။

Facebook Comments