အဏ္ဏဝါသခွားသီးသုပ် (Seafood Slad with Cucumber)

ပါဝင်ပစ္စည်းမျာ

ပုစွန် –  ၁၀ ကောင်

ကဏန်း –  ၁ ကောင်

ပြည်ကြီးငါး –  ၁ ကောင်

ငါးအသား –  ၅၀ ဂရမ်

သခွားသီး –  ၁ ခြမ်း

ကြက်သွန်နီ –  ၁ လုံး

ကြက်သွန်မြိတ် –  ၂ ပင်

ကြက်သွန်ဖြူ –  ၁ မြွှာ

ငရုတ်သီးစိမ်း –  ၅ တောင့်

ရှောက်ရွက် –  ၁ ရွက်

ယိုးဒယားငံပြာရည် –  စားပွဲဇွန်း ၁ ဇွန်း

သံပရာရည် –  ၂ ဇွန်း

ချီလီဆော့စ် –  ၂ ဇွန်း

သကြား –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဟင်းခတ်မှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်

၁။       ပုစွန်ကို အခွံခွာ၍ ကျောခွဲပြီး သန့်စင်ထားပါ။

၂။       ပြည်ကြီးငါးကိုလည်း ရေဆေးသန့်စင်ပြီး လိုသလို လှီးဖြတ်ထားပါ။

၃။       ငါးအသားနွှင်ပြီး လှီးဖြတ်ထားပါ။ ကဏန်းကို ရေဆေးသန့်စင်ပြီး ၄ စိတ် စိတ်ထားပါ။ (ကဏန်းပျော့သုံးထားပါတယ်။)

၎။       အိုးတစ်အိုးထဲ ရေဆူအောင် တည်ထားပြီး ပွက်ပွက်ဆူပါက သံပရာသီး ၁ စိတ် ညှစ်ထည့်ပါ။ ကဏန်းကို ဦးစွာ ထည့်ပါ။ ပြီးလျှင် ပုစွန်၊ ပြည်ကြီးငါးနှင့် ငါး အသားတို့ကို ထည့်ပါ။ ၁ မိနစ်ခွဲ ခန့် ပြုတ်၍ ဆယ်ယူပြီး ရေစစ်ထားပါ။

၅။       ကျန်ပါဝင်ပစ္စည်းများမှ ကြက်သွန်မြိတ်ကို လက်တစ်ဆစ်ခန့် ဖြတ်ထားပါ။ ကြက်သွန်နီ သေးသေးစိတ်ထားပါ။ ရှောက်ရွက်အမျှင်လှီးထားပါ။ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို သေးသေးစိတ်ထားပါ။ သခွားသီးကို အစေ့ထုတ်ပြီး ခပ်စောင်းစောင်း ထူထူလှီးထားပါ။

၆။       အားလုံးပြင်ဆင်လှီးဖြတ်ပြီးပါက ဇလုံတစ်လုံးထဲ ပါဝင်ပစ္စည်းအားလုံးထည့်ပြီး ငံပြာရည်၊ သကြား၊ သံပရာရည်၊ ဟင်းခတ်မှုန့်နှင့် ချီလီဆော့စ်တို့ကို ထည့်၍ သမအောင်မွှေပြီး အရသာ အပေါ့အငန်မြည်း၍ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Facebook Comments

Menu