အင်ဒိုနီးရှားသိုးနံရိုးကြော် (Fried Lamb Ribs with Sambal Sauce)

by Sofia for Food Magazine

အင်ဒိုနီးရှားအစားအစာတစ်ခုဖြစ်တဲ့ သိုးနံရိုးထုကြော်နည်းလေးဖြစ်ပါတယ်။ အဆာပြေစာအဖြစ် တည်ခင်းနိုင်သလို ဟင်းတစ်မည်အဖြစ်လည်း တည်ခင်းနိုင်ပြီး အရသာထူးခြားတဲ့ သိုးနံရိုးထုကြော်လေးလည်းဖြစ်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

သိုးနံရိုး (သို့) ဆိတ်နံရိုး –  ၁ ကီလို

ရှလကာရည် –  ၁ ခွက်

စပါးလင် –  ၁ ချောင်း

ပတဲကော –  လက်တဆစ်

ကရဝေးရွက် –  ၃ ရွက်

ရှောက်ရွက် –  ၂ ရွက်

ဆား –  စားပွဲဇွန်း ၁ ဇွန်း

အုန်းနို့ – ၂ဝဝ မီလီလီတာ

Candle Nut (သို့) သီဟိုဠ်စေ့ –  ၄ စေ့

နံနံစေ့အမှုန့် –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ –  ၄ မြွှာ

ကြော်ရန်ဆီ

တွဲဖက်စားရန်

Sambal Chilli Paste

ပြုလုပ်နည်း

၁။        ဦးစွာ သိုးနံရိုး (သို့) ဆိတ်နံရိုးကို လက်နှစ်လုံးခန့်အရွယ် လှီးဖြတ်၍ ရှလကာရည်ဖြင့် နယ်ပြီး ၁ နာရီခန့် နှပ်ထားပါ။

၂။         ပြီးလျှင် ရေဖြင့် စင်အောင် ဆေးပြီး ရေစစ်ထားပါ။

၃။        အိုးတစ်လုံးထဲ ရေ ၁ လီတာခန့်ထည့်ပြီး ဆူပွက်အောင် တည်ပါ။ ဆူပွက် ပါက ရေဆေးထားသော နံရိုးများကို ထည့်ပြုတ်ပါ။ အမြှုပ်များထွက်လာ ပြီး ဆူပွက်ပါက ဆန်ခါနှင့် စစ်ချပြီး ရေပြန်ဆေးထားပါ။

၄။        ပြီးလျှင် နံရိုးကို အိုးသန့်သန့်ထဲ ထည့်ပြီး ရေမြုပ်အောင် ထည့်ပါ။ စပါးလင်

၁ ချောင်းကို ထုပြီး ထည့်ပါ။ ပတဲကောပါးပါးလှီးထည့်ပါ။ ရှောက်ရွက်၊ ကရဝေးရွက် နှင့် ဆားတို့ကို ထည့်ပြီး နံရိုးများနူးအိသည်အထိ ပြုတ်ပါ။

၅။        နံရိုးကိုပြုတ်ထားစဉ်မှာ ကြက်သွန်ဖြူ၊ နံနံစေ့အမှုန့်နှင့် Candle Nut (သို့)သီဟိုဠ်စေ့ကို ညက်နေအောင် ထောင်းထားပါ။

၆။        သိုးနံရိုးများ နူးအိပါက ဆယ်ယူပြီး ဒယ်အိုးတစ်လုံးထဲထည့်ပါ။ ထောင်း ထားတဲ့ ကြက်သွန်ဖြူအရောနှင့် အုန်းနို့ထည့်ပြီး ခန်းသွားသည်အထိ တည်ပါ။

၇။        အုန်းနို့ခန်းပါက နံရိုးကို စဉ်းတီတုံးပေါ်တင်ပြီး ပုံစံမပျက်အောင် အသာလေး ထုပေးပါ။

၈။        ပြီးလျှင် ဆီပူထဲမှာ အရောင်ရသည်အထိ ကြော်ပြီး ဆယ်ယူ၍ ဆီစစ်ကာ Sambal ဆော့စ်နှင့် တွဲဖက်ကာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Facebook Comments

Menu