ဟင်းသီးဟင်းရွက်ပါစတာနှင့် အသားဆော့စ် (Vegetable Pasta Shapes with Meaty Sauce)

by Syi Lwin Foods Garden for Food Magazine

          ဟင်းသီးဟင်းရွက်သီးသန့်လုပ်စားဖို့ အချိန်မပေးနိုင်သူတွေအတွက် အဆင်ပြေစေသော အစားအစာပါ။ ချက်ကြည့်လိုက်နော်…။

ပါဝင်ပစ္စည်းများ

ဟင်းသီးဟင်းရွက် ပါစတာ  –  ၂ ခွက် (ဟင်းချက်ရန် တိုင်းသောခွက်)

နေကြာဆီ  –  စားပွဲဇွန်း ၁ ဇွန်း (ပါစတာပြုတ်ရန်)

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အသားစုံဆော့စ်လုပ်ရန် ပါဝင်ပစ္စည်းများ

သံလွင်ဆီ  –  စားပွဲဇွန်း ၆ ဇွန်း

ဆိတ်သား  –  ၂၂၅ ဂရမ် (တောက်တောက်စဉ်း)

ဝက်သား  –  ၂၂၅ ဂရမ် (တောက်တောက်စဉ်း)

ကြက်သား  –  ၂၂၅ ဂရမ် (တောက်တောက်စဉ်း)

ဗိုလ်စားပဲ  –  ၁ ဘူး (အသင့်စားဘူး)

ကြက်သွန်အဝါကြီး  –  ၁ လုံး (နုပ်နုပ်လှီးထားပါ)

ကြက်သွန်ဖြူ  –  ၃ မြွှာ (နုပ်နုပ်လှီးထားပါ)

ငရုတ်ကောင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

အော်ရိုဂါနိုမှုန့်  –  စားပွဲဇွန်း  ၁  ၁/၂ ဇွန်း

ခရမ်းချဉ်သီးတုံးဘူး  (အသင့်လှီးသော)  –  ၂ ဘူး (အသင့်စားဘူး ၁၆၅ ဂရမ်)

ပါစတာဆော့စ်  –  ၂ ဘူး (အသင့်စားဘူး ၁၆၅ ဂရမ်)

ပါမီဆန်ချိစ်မှုန့်  –  လိုသလောက် (မစားခင် ဖြူးစားရန်)

ပြုလုပ်နည်း

၁။       မီးအနေတော်ဖြင့် အိုးအကြီးထဲ ဆီထည့်ပြီး အပူပေးပါ။ ဆီပူလျှင် တောက်တောက်စဉ်းထားသော အမဲသား၊ ဝက်သားနှင့် ကြက်သားတို့ကို ထည့်၍ ဇွန်းအမာဖြင့် သေချာ ဖိပြီး အသားများအားလုံး ရောအောင် သေချာမွှေပါ။ အသားတွေ အညိုရောင်သန်းပြီး အနံမွှေးလာလျှင် ရပါပြီ။

၂။       ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို အသားထဲ ရောပြီး မွှေပါ။ ၇-၁၀ မိနစ်ခန့် တည်ပြီးလျှင် ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ဆားတို့ကိုထည့်ပြီး သေချာထပ်၍မွှေပါ။

၃။       ပန်းသီးဝိုင်ထည့်ပြီး ၁ မိနစ်ခန့် ဆူလာအောင် တည်ပါ။ ဝိုင်အငွေ့များ တက်သည်အထိ တည်ပါ။

၎။       မီးမျှင်မျှင်ထားပြီး အသင့်လှီးသော ခရမ်းချဉ်သီးတုံးဘူးနှင့် ပါစတာဆော့စ်များကို အိုးထဲထည့်ကာ သေချာနှံ့အောင် မွှေပါ။ အခြားကျန်ရှိသော ပစ္စည်းများပါ ရောပါ။ မီးကို ပူရုံပဲထား၍ မိနစ် ၂၅-၃၀ ခန့် ထပ်တည်ပြီး မကြာခဏ မွှေပါ။ ဆားမြည်းပြီး လိုတာ စိတ်တိုင်းကျထပ်ဖြည့်ပါ။ ပြီးလျှင် မီးဖိုပေါ်မှ ချထားပါ။

၅။       မီးအနေတော်ဖြင့် အကြော်အိုးထဲ ဆီထည့်ပြီး ဆီပူအောင် တည်ပါ။ ဆီပူလာလျှင် အေးခဲနေသော အာလူးချောင်းများကို လက်ဖြင့်၂ ဆုပ်လောက်ထည့်ပြီး ကြော်ပါ။ အိုးကျပ်အောင် မထည့်ပါနှင့်။ အပူချိန်လျော့ကျစေပြီး အာလူး အကျက်နှေးကာ ကြွပ်ရွမှုလည်း ကြာရှည် တည်ရတတ်ပါတယ်။ အာလူးချောင်းများ ရွှေရောင်သန်းလာလျှင် ဆီစစ်ထားပါ။ ပြီးလျှင် ပန်းကန်မှာထည့်ပြီး အသားဆော့စ်ကို လိုသလောက်ဆမ်း၍ ပါမီဆန်ချိစ်ဖြူးပြီး ချက်ချင်း ပူပူလေးသုံးဆောင်ပါ။

Facebook Comments