ဟင်းခတ်အမွှေးအကြိုင် အမဲစွပ်ပြုတ် (Simple Spicy Beef Soup)

by Syi Lwin for Food Magazine

စွပ်ပြုတ်ဆိုတာ အရသာ အာဟာရ ရရှိရမယ်လို့ စားသုံးသူတိုင်း အတွေးရှိထားတဲ့ အစားအစာပါ။

ပါဝင်ပစ္စည်းများ

အမဲအကြော –  ၂၅ ကျပ်သား

အမဲသား –  ၃၀ ကျပ်သား

ကြက်သွန်ဖြူ –  ၅ မြွှာ (အခွံနွှာပြီး ဓားပြားရိုက်)

ကြက်သွန်နီ –  ၁ ဥ (၄ ခြမ်း ခြမ်းထားပါ)

ချင်း –  လက်တစ်ဆစ် (ဓားပြားရိုက်ထားပါ)

ဆား –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

နနွင်းမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငံပြာရည် –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ငရုတ်ကောင်းစေ့အဖြူ –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

နံနံစေ့ –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

နာနတ်ပွင့် –  ၁ ပွင့်

လေးညှင်း –  ၃ ပွင့်

ကရဝေးရွက် –  ၁ ရွက်

ငရုတ်သီးစိမ်း –  ၃  တောင့် (ထက်ခြမ်းခွဲပါ)

စပါးလင် –  ၁ ပိုင်း (ထု၍ ထုံးပြီး ထည့်ပါ)

သံပရာသီး –  ၁ လုံး (အရည်ဖျန်းစားရန်)

ရှောက်ရွက် –  ၂ ခက်

(မျှင်မျှင်လေး လှီးထားပါ။ စွပ်ပြုတ်အပေါ်မှာ ဖြူးစားရန်)

ပြုလုပ်နည်း

၁။       အိုးကြီးထဲ ပါဝင်ပစ္စည်းများအားလုံးထည့်၍ ပါဝင်ပစ္စည်းများ ရေမြုပ်အောင် ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပါ။  ရေဆူလျှင် မီးမျှဉ်းမျှဉ်းလေးဖြင့် အိုးအဖုံး အုပ်ပြီး ရေခန်းတဲ့အထိ တည်ပါ။ ပထမအရည်ခန်းလျှင်  ရေကို ဒုတိယအကြိမ်

၁  ၁/၂ ခွက် ထပ် ထည့်ပြီး ရေဆူအောင် တည်ပါ။

၂။       ရေဆူပြီး အကြောနူးလျှင် စားမြည်းပါ။ လိုတာထပ်ဖြည့်ပြီး စားခါနီးမှ သံပရာရည် နှင့် ရှောက်ရွက်ဖြူး၍ လိုသလိုသောက်သုံးနိုင်ပါပြီ။

Facebook Comments

Menu