ဟင်းခတ်အမွှေးအကြိုင်နှင့် ကြက်ဥကပ်ကိတ် (Egg Cupcake with Herbs)

by Syi Lwin (Foods Garden) for Food Magazine

           မနက်စာအဖြစ် သုံးဆောင်လို့ အဆင်ပြေသလို အဆာပြေအစားအစာအဖြစ်လည်း သုံးဆောင်လို့ရပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်ဥ  –  ၅ လုံး (ကပ်ကိတ် တစ်ခွက်၊ တစ်လုံး)

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ဆား  –  လိုသလောက်

ဟင်းခတ်ရွက်  –  အနည်းငယ်

ဆီ  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

ပြုလုပ်နည်း

၁။  နှစ်ထပ်ပေါင်းအိုးကို ရေဆူအောင် တည်ထားပါ။

၂။  ကပ်ကိတ်ခွက်ထဲ ကြက်ဥတစ်လုံး ဖောက်ထည့်ပါ။ ပြီးလျှင် ငရုတ် ကောင်းမှုန့် အနည်းငယ်၊ ဆားအနည်းငယ်၊ ဟင်းခတ်ရွက် အနည်း ငယ်၊ ဆီ ၂-၃ စက်ခန့်ထည့်ပါ။ ကျန် ကြက်ဥ ၄ လုံးကိုလည်း ဒီအတိုင်း ထပ်လုပ်ပါ။

၃။  ကြက်ဥထည့်ထားသော ကပ်ကိတ်များကို ပေါင်းအိုးထဲ သေချာ စီထည့်ပါ။ ပြီးလျှင် ၃-၅ မိနစ်ခန့် ပေါင်းပေးပါ။

၎။  ပေါင်းအိုးထဲက ထုတ်ပြီး ပူပူလေးသုံးဆောင်နိုင်သလို အအေးခံပြီး စားသုံးရင်လည်း ရပါတယ်။

Facebook Comments