ဟင်းခတ်အမွှေးအကြိုင်နှင့် ကန်းစွန်းဥ ဆိတ်သား (Sweet Potato and Mutton with Spices)

by Syi Lwin (Foodsgarden) for Food Magazine

          ပါဝင်ပစ္စည်းများအားလုံးကို ပေါင်းအိုးထဲထည့်ပြီး ချက်ထားလိုက်တာရုံပါပဲ။ အရမ်းအဆင်ပြေတယ်။ မြန်ပြီး လွယ်ကူတယ်။ ချက်ကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ

ရေခဲ  –  ၁ ခွက်

ဆိတ်ရိုးနှင့်အသား  –  ၅၀  ကျပ်သား (အနေတော်အတုံး တုံးထားပါ)

ကန်စွန်းဥ  –  ၃ ဥ (အခွံနွှာပြီး ၄ ပိုင်းပိုင်းထားပါ)

ကြက်သွန်ဖြူ  –  ၈ မြွှာ (ဓားပြားရိုက်ထားပါ)

စပါးလင်  –  ၂ ချောင်း (ထုပြီး ပိုင်းထားပါ)

ချင်း –  လက်တစ်ဆစ် (ပါးပါးအပြားများ လှီးထားပါ)

ငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်းစေ့  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပြုလုပ်နည်း

၁။       ဖန်ဇလုံထဲမှာ ဆိတ်သား၊ ဆိတ်ရိုး၊ နနွင်းမှုန့်၊ ငံပြာရည်၊ ချင်း၊ စပါးလင်နှင့် ကြက်သွန်ဖြူတို့ကိုထည့်ပြီး သေချာနယ်ပါ။ ရေခဲသေတ္တာထဲမှာ မိနစ် ၃၀ ခန့် နယ်နှပ်ထားပါ။

၂။       ရေကို ပါဝင်ပစ္စည်းများအားလုံး မြုပ်သည်အထိ ထည့်ပါ။ အစုံသုံးထမင်းပေါင်းအိုး အတွင်းအိုးထဲ အားလုံးထည့်ပြီးလျှင် ပါဝင်ပစ္စည်းများကို သေချာနှံ့အောင်မွှေပါ။ ပြီးလျှင် ထမင်းပေါင်းအိုးရဲ့ Slow Cook ကိုနှိပ်ပြီး ၂ နာရီချိန်၍ Cook ခလုတ်နှိပ်ပြီး တည်ထားလိုက်ပါ။ ကျက်လျှင် Off/Warm ခလုတ်လေး မီးစိမ်းပြလျှင် ရပါပြီ။ ထမင်းပူပူလေး၊ နံပြားတို့နှင့်အတူတွဲပြီး သုံးဆောင်လျှင် လိုက်ဖက်ပါတယ်။

www.facebook.com/Syi Foodsgarden

Facebook Comments