
5 - September - 2018
by Ko Thit Htoo for Food Magazine
ဒီချက်နည်းက အစ္စရေး Chef ကြီး သင်ပြပေးခဲ့တဲ့ နည်းစနစ်ကို မြန်မာနည်းလေးရောစွက်ပြီး ဖန်တီးပေးလိုက်တာ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
နံနံပင်အရွက်၊ အရိုးများ – ပန်းကန်လုံး ၁ လုံး (အားလုံးပါးပါးလှီးပြီး)
ရှားနံနံ – ပန်းကန်လုံး ၁/၂ လုံး (ပါးပါးလှီးပြီး)
ကြက်သွန်မြိတ် – ပန်းကန်လုံး ၁ လုံး (ပါးပါးလှီးပြီး )
တရုတ်နံနံ – ၄ ပင် (ပါးပါးလှီးပြီး)
ကြက်သွန်နီ – ၁ လုံး (ပါးပါးလှီး ရေအေးစိမ်ပြီး)
ကြက်သွန်ဖြူ – ၄ မြွှာ (နုပ်နုပ်စဉ်းပြီး)
သံပရာရည် – ထမင်းစားဇွန်း ၃ ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နှမ်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ကြက်သွန်ဖြူစဉ်းပြီးသားများကို သံပရာရည်၊ ဆား၊ ပျားရည်တို့နှင့် ရောသမထားပြီး ကျန်ပြင်ဆင်ထားသော ပါဝင်ပစ္စည်းများနှင့် ရောနယ်ပါ။ ပြီးလျှင် နှမ်းဖြူးပြီး ကျန်းမာရေး အသုပ်တစ်မျိုးအဖြစ် သုံးဆောင်နိုင်ပါပြီ။
www.facebook.com/MY FOODIES (mm)